လီယွဲ့ချီက မတုန်မလှုပ်ပြန်ဖြေလိုက်သည်။ "၁၄ ယွမ်နဲ့ ပြား ၅၀.. ပြီးတော့ မနေ့ညက မင်းသောက်လိုက်တဲ့ ရေသန့်ဘူးက တစ်ယွမ်"
"... ခေါင်းကပ်ပလာစတာတွေကို ဘယ်ကဝယ်တာလဲ?"
"ဆေးဆိုင်က"
"ဘယ်ဆေးဆိုင်?"
"ထန်လောင်ရှီး" လီယွဲ့ချီက စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောလိုက်သည်။ "မင်းမှာ ဘာလို့ဒီလောက်မေးခွန်းတွေ အများကြီးရှိနေရတာလဲ?"
ထန်ဟန်မှာ အံ့အားသင့်သွားပြီး "ငါ ရက်အနည်းငယ်အတွင်းမှာ ထပ်ဝယ်ဖို့လိုလို့"
"မလိုဘူး" ဆိုသည့် ထူးဆန်းသောမှတ်ချက်ကို လီယွဲ့ချီက ချန်ထားခဲ့ပြီး တံခါးဖွင့်ကာ အရင်ဝင်သွားလေ၏။
နေ့လယ်ခင်းအချိန်ဇယားမှာ မနက်ကထက် ပိုကျပ်နေလေသည်။ သူတို့အဖွဲ့ဟာ အစားအသောက်စက်ရုံသုံးရုံဆီ သွားလိုက်ကြပြီး လောင်ဟွမ်နှင့် တစ်ခြားအရာရှိများကလည်း သူတို့ကို တစ်ချိန်လုံးအဖော်ပြုပေးနေသည်။ သူတို့၏ ကိုယ်နေဟန်ထားများမှာ မနက်ကထက်တောင် ပို၍စိတ်အားထက်သန်နေရသည်။ ထိုသူများဝန်းရံခြင်းကို ခံထားရသော ထန်ဟန်မှာ သူတို့၏မျက်နှာချိုသွေးသောစကားများကို ပြန်တုံ့ပြန်ရင်း စက်ရုံကို လေ့လာကြည့်ရှုနေ၏။ အချိန်မှာ လျင်မြန်စွာကုန်ဆုံးသွားသည်ဟု သူခံစားခဲ့ရသည်။
နောက်ဆုံးစက်ရုံကနေ ထွက်လာပြီးချိန်မှာတော့ အပြင်ဘက်တွင် နေဝင်ရီတရောအချိန်ပင် ဖြစ်နေပြီဖြစ်သည်။ မြင့်မားသောအရပ်ရှိ တိမ်စိုင်များမှာ မီးခိုးငွေ့ကဲ့သို့ ပါးလွှာပြီး နီညိုရောင်ကောင်းကင်တွင် ဖြည်းညင်းစွာ လွင့်မျောနေကြသည်။
သူတို့သည် နှစ်ထပ်စားသောက်ဆိုင်သို့ ခေါ်သွားခြင်းခံရသည်။ ကျောင်းသားများက ပထမထပ်ရှိဘူဖေးတွင် စားကြပြီး၊ စွင်းကျီဟောင်နှင့် ထန်ဟန်မှာတော့ ဒုတိယထပ်ရှိ သီးသန့်ခန်းထဲသို့ ဖိတ်ကြားခံလိုက်ရသည်။ နေ့လယ်ကကိစ္စကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ လောင်ဟွမ်မှာ အသိဉာဏ်ရှိစွာဖြင့် အော်ခေါ်လိုက်သည်။ "ဟေး.. လျိုးကျင့်.. ရှောင်လီကို ခေါ်လိုက်"
YOU ARE READING
တိမ်ကင်းစင်သောကောင်းကင်အောက်ဝယ် || ဘာသာပြန်
Romance"မင်းက ကိုယ့်အဆုတ်ထဲထိ စိမ့်ဝင်လာတဲ့ကန်ရေလေး" လီယွဲ့ချီ × ထန်ဟန်
Chapter 4: Add on WeChat?
Start from the beginning
