Part 1

297 2 0
                                        

Dear Doctor -1

ကုန်ဆုံးသွားသောအချိန်များနှင့် မိုးတဖြောက်ဖြောက်ကျသည်ကိုပင်လစ်လျူရှုကာ ဤအဆောက်အအုံရှေ့၌ စောင့်နေသည်မှာနာရီအတော်များများပင်ကြာပြီဖြစ်သည်။ လက်ပတ်နာရီအားတစ်ချက်ငုံ့ကြည့်မိသည့်အခါ လေးနာရီခွဲရန်ငါးမိနစ်သို့ညွှန်ပြ၏။ အင်း ဒီအချိန်ပဲ။ Guard တစ်ယောက်ကားတံခါးလာဖွင့်သည်နှင့် ဦးတည်ရာက Doctor Lynn Khant Oo Nyo ၏ကိုယ်ပိုင်ဆေးခန်းတွင်းသို့။

ဆေးခန်းတွင်းသို့ခြေချသည်နှင့် ဦးစွာသတိထားမိသည်ကနှာဖျားသို့သိသိသာသာဝင်ရောက်လာသောပိုးသတ်ဆေးနံ့။ မြင်နေကျဖြစ်သောသူနာပြုအကူမလေးများကအရင်ရက်များနည်းတူမဝံ့မရဲကွက်ကြည့်ကွက်ကြည့်နှင့်။ လာနေကျဖြစ်သောသူ့ကိုတားရန်လဲမကြိုးပမ်းတော့သလို တားလို့မရမှန်းလဲသိနေလောက်ပြီဖြစ်သည်။ မျက်နှာပြောင်တိုက်ကာပင် ထိုဆေးခန်းရှိဆရာဝန်၏အခန်းထဲသို့တည့်တည့်ပင်ဝင်သွားသည့်အခါ သန့်ရှင်းသပ်ရပ်စွာအစီအရီရှိနေသော‌ဆေးပစ္စည်းအမျိုးမျိုးကိုဦးစွာမြင်ရ၏။ ထို့နောက်မျက်မှန်ကြည်ကြည်အောက်ရှိ စူးရှရှမျက်ဝန်းနက်တစ်စုံ။

အဟမ်း။

နေရခက်သောတိတ်ဆိတ်မှုအားချောင်းတစ်ချက်ဟန့်ကာဖြိုခွင်းရင်း ထိုလူ၏ရှေ့ခုံ၌ခပ်တည်တည်ပင်ဝင်ထိုင်၏။ သို့သော်ယခုကဲ့သို့မသိမသာရှက်ကို့ရှက်ကန်း‌ဖြစ်နေတာသူ့ပုံစံမှမဟုတ်ပဲ။

"မျှော်နေလား Doctor"

မျက်ဝန်းနက်အားစေ့စေ့ကြည့်ပြီး မချိုမချဉ်ပြုံးကာမေးမိတော့ မျှော်လင့်ထားသည့်အတိုင်းကြားနေကျအဖြေပင်...

"ဆေးခန်းပိတ်ချိန်မို့ ပြန်လို့ရပြီ"

"ကျွန်တော်‌ဆေးခန်းပြဖို့လာတာမဟုတ်မှန်း Doctor သိတယ်"

တစ်ဖန်ဤမျက်ဝန်းမှေးမှေးဟာ မျက်မှန်‌အောက်မှတစ်ဆင့်သူ့ထံစူးစိုက်၍တည့်တည့်ကျရောက်ပြန်သည်။ စူးရှရုံတင်မဟုတ်တင်စီး‌သောလွှမ်းမိုးမှုများပါနေသယောင်။
collarbone မှလည်ပင်းတစ်လျှောက်လိမ်ပတ်လာပြီး နားရွက်နောက်ထိ ရစ်သိုင်းထားကာနားထင်စပ်၌အ‌မောက်ထောင်ထားသောသူ၏နဂါးပုံစံငယ်တက်တူးအား ‌အပေါ်ယံမျှကြည့်ပြီး တစ်ဖန်သူ့အားလစ်လျှူရှုကာ မှတ်တမ်းစာအုပ်အားကြည့်၏။

Dear Doctor Where stories live. Discover now