' Part 3 '

1.2K 66 4
                                        

“ ပိုးသက်သံသာ အိမ်ပြန်တော့ ကြားလား ”

“ မပြန်ဘူး ဘာလုပ်ချင်လဲ မပြန်ချင်လို့
မပြန်တာ စိတ်ညစ်လို့ ကမယ် ”ဟုပြောကာ
ဆက်ကနေသည်။

ဒေါ်မာယာခက်နွန်သည် ဒေါသထွက်သွားကာ
သက်ကို လက်ကောက်ဝတ်မှ ဆွဲခေါ်ပြီး
သူမကားပေါ် ခေါ်လာလိုက်သည်။

“ လွှတ် ကျွန်မကိုလွှတ် လွှတ်ပါဆို  ”

ဒေါ်မာယာသည် သူမ၏စကားနားမထောင်။

သမီးကလျာဇော်လဲ ကားအနောက်မှာ
လိုက်ခဲ့ဟု ပြောလိုက်သည်။

ကလျာဇော့် စိတ်ထဲတွင် ဒါကဘယ်ကအန်တီကြီးလဲ
ငါတို့နာမည်တွေကော သိနေတာလားဘာလို့လဲဟု
မေးခွန်းပေါင်းများစွာဖြင့် ပြည့်နက်နေသည်။

ကားပေါ်အရောက်တွင် သက်သည် သောက်တာများလွန်း၍ အိပ်ပျော်သွားလေသည်။

“ ရောက်ပြီ မင်းလဲသူငယ်ချင်း အိမ်မှာ အတူအိပ်လိုက်တော့ ငါအထဲထိ လိုက်မပို့တော့ဘူး ဂရုစိုက်
ခေါ်သွား သူငယ်ချင်းကို ”

“ ဟုတ်... ဟုတ်...” ဟု‌ဆိုကာ အိမ်ထဲဝင်ခဲ့ကြသည်။

“ ကြီးမြင့် မိသက် အိပ်ပျော်သွားလို့ သူ့အခန်းထဲ
သမီးပါအိပ်လိုက်တော့မယ်နော် ”

“ အေးအေး သမီး ဂရုစိုက်ဦး
သမီးတို့ နောက်ဆိုအဲ့လိုကြီး မနေရဘူးနော်
ဘယ်သူကလိုက်ပို့တာလဲအခုက ”

“ အန်တီတစ်ယောက်လိုက်ပို့တာ ကြီးမြင့် ”

ဒေါ်မာယာခက်နွန် များလားဆိုပြီး ကြီးမြင့်စိတ်ထဲ
တွေးမိလေသည်။

“ အာ့ဆိုနားတော့နော် ကြီးမြင့်မနက်အစော
ထရမှာမလို့ အိပ်ပြီနော် ”

“ ဟုတ် ဟုတ် ”

နောက်တစ်နေ့မနက်တွင်...

“ အာ.. ငါ့ ငါ့ခေါင်းတွေကိုက်လိုက်တာ ”

“ အမယ်လေး မယ်မင်းကြီးမ ညည်းနိုးပြီလား ”

“ ဇော် နင်ငါ့အိမ်အိပ်တာလား ညကမပြန်ဘူးလား
ဘာတွေဖြစ်သွားတာလဲ ငါမမှတ်မိတော့ဘူး ”

“ ရော့ သံပုရာရည်သောက်လိုက် အမူးပြေအောင် ”

လက်ထဲမှ ယူလာသော ဖန်ခွက်အား
လှမ်းပေးလိုက်သည်။

" She is my everything "Место, где живут истории. Откройте их для себя