" She is my everything " 🌻(Part 1)

5.6K 137 12
                                        

ငယ်ငယ်ကတည်းက ထောက်ပံ့ကြေးနဲ့
ရှင်သန်လာခဲ့တဲ့ ကလေးတစ်ယောက်
အရွယ်ရောက်လာတဲ့အခါမှ မွေးစားမာမီက
ပြန်ခေါ်၍ အတူနေရသောအခါ...❗

ဘာတွေဆက်ဖြစ်ကြမှာလဲ???🌚🔥

~~~

Screen shot ရိုက်ခြင်း၊ စာများ
ကူးယူခြင်း Social media ပေါ်တွင်
ပြန်တင်ခြင်းများမပြုရန် မေတ္တာရပ်ခံ
အပ်ပါသည်ခင်ဗျ။

---

အပိုင်း(၁)

ကောင်းကင် တစ်ခုလုံး မိုးသားတိမ်ရိပ်တို့ဖြင့်
ပြည့်နက်နေသည်...ရာသီဥတု ကတော့ လွမ်းမော
ဖွယ်ရာ ကောင်းလှသည်။

ပြတင်းပေါက်ကိုဖြတ်ကာ လေပြင်းတစ်ချက်
စောင့်၍ တိုက်ခတ်လာသည်။

"ဝုန်းးး"

" အမယ်လေး မြတ်စွာဘုရား " ဆိုပြီး
နှုတ်ခမ်းဖျားမှ တမိတာ လန့်၍ နိုးလာလေသည်။

အချိန်အားဖြင့် မနက် 7နာရီခန့်...

"အယ် 7နာရီတောင်ထိုးနေပြီ ငါညက alarm
မပေးမိခဲ့တာပဲ နောက်ကျတော့မှာပဲ" ဆို၍
အိပ်ယာမှ ထထိုင်လိုက်ကာ ဘေးတွင်ရှိစာပွဲပေါ်မှ
ရေတစ်ဖန်ခွက်ထည့်သောက်၍ ရေချိုးခန်းထဲသို့
ဝင်သွားလေသည်။

ရေချိုးပြီး၍ အသားရောင်crop topတစ်ထည်နှင့်
ဒူးလောက်ရှိ ကိုယ်လုံးပေါ်စကပ်အနက်ကွက်
တစ်ထည်ကို ဝတ်ဆင်လိုက်သည်၊ ကျောလယ်လောက်ရှ်ိ ဆံပင်ကို သေသပ်စွာဖြီး၍ အညိုရောင်ရှူးဖိနပ်‌
လေးကို စီးကာအောက်ထပ်သို့ ဆင်းလာလိုက်သည်။

"သမီး နိုးလာပြီလား? သမီးအတွက်
ကြီးကြီးမြင့် ပေါင်မုန့်မီးကင်နဲ့ fried egg တစ်လုံး
ကြော်ပေးထားတယ်၊ နွားနို့ကော
သောက်သွားဦးနော် သမီး"

"သမီးစာကြည့်တိုက်သွားပြီး စာတွေရှာရမှာ
နောက်ကျနေလို့ ကြီးကြီးမြင့် ဘူးနဲ့သာ ထုတ်ပေး
လိုက်တော့နော်" ဟုဆိုကာ အိမ်ပေါ်အခန်းရှိ
ထောပတ်စိမ်းရောင် ကျောပိုးအိတ်လေးထဲ
စာအုပ်အလွတ်တစ်အုပ်၊ ဘောပင်၊ခဲတံ၊ပေတံ၊
ရေဘူးအသေးလေးတစ်ဘူး၊ lap top တစ်လုံး၊
သူမရဲ့အသုံးအဆောင်မရှိမဖြစ် ချယ်ရီသီးရောင်
3CE lip stickနဲ့ myst ကထုတ်ထားတဲ့ချိုချို
မွှေးမွှေးစားချင်စရာကောင်းလောက်အောင်ဖြစ်တဲ့
candy love perfume တို့ကို ထည့်လိုက်လေသည်။

" She is my everything "Stories to obsess over. Discover now