"Ryan... "
နား နားသို့ကပ်ကာ တိုးတိုးလေးခေါ်လိုက်လေသည်။
"ငါ Ryan မဟုတ်ဘူး လို့ ဘယ်နှစ်ခါပြောရမလဲ...."
leon မျက်နှာက အင်ိုမျက်လုံးအပြုံးမျက်နှာဆိုသလို့ ဝမ်းနည်းနေပေမယ့် အစွမ်းကုန်ပြုံးထားသည့်ပုံ။ Venom ရဲ့ရင်ဖတ်ပေါ်သို့ အသာလေး လှဲချလိုက်ပြီး မျက်လုံးတွေမှိန်ထားလိုက်ကာ နှုတ်ခမ်းထပ်၌အလှဆုံးနဲ့အနွေးထွေးဆုံးအပြုံးလေးကို
ဆင်မြန်းကာ
"Ryan ကို ပထမဆုံး အကြိမ်ကိုယ့်အိမ်ကိုခေါ်လာတုန်းကမှတ်မိသေးလား...ကိုယ်အဲ့နေ့လုံးဝမမေ့သေးဘူးRyan.."
"ခင်ဗျား ဘာတွေပြောနေတာလဲ.. ဖယ်စမ်းအပေါ်ကနေ.."
Venom ရုန်းလာတော့ leon ဟာ Venom ကိုယ်လုံးလေးပေါ်ကနေဖယ်ပေးကာ ဘေးတွင်ဝင်လှဲလိုက်ပြီးနောက်ကနေ တင်းနေအောင်သိုင်းဖက်ထားလိုက်ပြန်သည်။Venom ရုန်းလေ ပိုမိုတင်းကျပ်အောင်ပြန်ဖက်လာလေ ဖြစ်တာကြောင့်အသက်ရှူတောင်ကြပ်လာချင်သလိုဖြစ်လာသည်။
"အဲ့ညက Ryan အိပ်ပျော်သွားပေမယ့်ကိုယ်တစ်ညလုံးအိပ်မပျော်ခဲ့ဘူး
Ryan..ကိုယ်သိတာပေါ့ ကိုယ့်ကိုလှည့်စားနေတယ်ဆိုတာ ကိုယ်သိတာပေါ့.. ဒါပေမယ့် အဲ့ဒီလှည့်စားမှုတွေမှာကိုယ်ပျော်တယ် Ryan ရယ်..အဲ့ဒီလှည့်စားမှုကို ကိုယ်ယုံကြည်ကိုးကွယ်နေမိတယ်"
"ကိုယ့်နဲ့ အတူရှိခဲ့တဲ့ အချိန်အတွင်းမှာ Ryan က ကိုယ်နဲ့အတူ နှစ်ခါပဲ့ အတူရှိဖူးခဲ့တယ်မဟုတ်လား.."
"ခင်ဗျားပြောနေတာတွေကို ငါတစ်ခုမှနားမလည်ဘူး လွှတ်..ငါက်ိုဒီလိုကြီးဖက်မထားနဲ့ ငါမကြိုက်ဘူး ပြီးတော့
ငါ Ryanမဟုတ်ဘူး...Ryan ကသေသွားပြီ..Ryan က သေသွား ပြီလို့........."
Venom ဟာ ဒေါသထွက်ကာ အော်ပြောပြီး အတင်းရုန်းကန်လေတော့သည်။ Venom ရုန်းလေ leon က ပြန်ဖမ်းချုပ်လေဖြစ်ကာ Venom ဝတ်ထားတဲ့ Bathrobe က တစ်ဖြည်းဖြည်း ဖရိုဖရဲ ဖြစ်လာလေသည်။ Venom ဟာ leon ရင်ခွင်ထဲ က လွှတ်ရန်သာအားသန်နေတဲ့အတွက်ကြောင့် ဘာကိုမှ ဂရုမစိုက်နိုင် ကုတင်ပေါ်က ဆင်းပြေးရန်အတင်းကုန်းထလိုက်တာကြောင့် leon ကbathrobe ကိုပြန်ဆွဲချလိုက်ချိန်မှာ Venom ရဲ့ ပုခုံးပေါ်က Tattoo ပုံဟာ ပေါ်လာလေသည်။ ဖြူဖွေးပြီးကြည်လင်နေတဲ့အသားရေပေါ်မှာ အနီရောင်ရင့်ရင့်ဖြင့် Redspiderlily ပန်းဟာ Ronnie ဆိုတဲ့ ပိုင်ရှင်တံဆိပ်ခက်ထားလိုက်ပုံမှာ တင့်တယ်ပြီးဝင့်ကြွားနေလိုက်တာ။ leon ထိုပုံကိုမြင်တော့ ချက်ချင်း ဆိုသလိုအရူးတစ်ယောက်လိုဖြစ်ကာ နှလုံးသားကိုအရှင်လတ်လတ်ခွဲပြီးမီးမြှိုက်လိုက်သလိုပင်။
ဘာဖြစ်လို့လဲ ဘာလို့သူများအပိုင်ဖြစ်နေရတာလဲ ဒီပန်းလေးကိုငါအရင်တွေ့ခဲ့တာပါကွာ။ ဒီပန်းလေး ပွင့်ဖူးနေတာက်ိုငါအရင်မြင်ခဲ့တာပါ။ ပိုင်ဆိုင်ဖို့စောသေးလို့
ခူးဆွတ်ဖို့စောသေးလို့ အရမ်းနုနယ်နေသေးလို့ ခြေတစ်လှမ်းလေးဆုပ်လိုက်မိတာကို ချက်ချင်း တစ်ခြားတစ်ယောက် ကောက်သိမ်းလိုက်တာလား။ ပြီးတော့
လှပပြီး တင့်တယ်တဲ့ဒီပန်းလေးဟာ အဆိပ်ပန်းဖြစ်လာရတာလား ပျိုးထောင်သူကအဆိပ်ပန်းအဖြစ်ပျိုးထောင်ခဲ့တာလား။ ဒါမှမဟုတ် ဒီပန်းလေးဟာ နကိုကတည်းက အဆိပ်ပန်းလေးဖြစ်နေခဲ့တာလား။ နာကျင်လိုက်တာ ခင်ဗျားလေးရယ် ဘာလို့ မင်းက ဒီလောက်ံတောင် နာကျင်စရာ ကောင်းနေရတာလဲ ။ ဘာလို့ ငါ့ကို........
leon ဟာ သူဖမ်းဆွဲထားတဲ့ Venom ကိုလွှတ်ပေးဖို့စိတ်ကူးမရှိပါ။ ဒါကြောင့် leon အားနဲ့ပြန်ဆွဲလိုက်ချိန်မှာ Venom ဟာ leon ရဲ့ရင်ခွင်ထဲထိုင်လျက်သားပြန်ကျသွားရပြန်ပြီ။..
"ကောင်းပြီ Ryan ပဲ့ဖြစ်ဖြစ် Venom ပဲ့ဖြစ်ဖြစ် လုံဝလက်လွှတ်မှာမဟုတ်တော့တဲ့အတွက်ပြင်ဆင်ထားလိုက်ပါ ..ကိုယ့်ကိုလက်ခံဖို့အတွက်...."
Venom ဟာ leon ကိုကြောင်ပြီးကြည့်နေမိသည်။ ဒီလူ ရူးသွား ပြီ...တကယ်ရူးသွားပြီ...ဒါပေမယ် ဒီထက်ပိုဆန့်ကျင်ပြရင် အခြေ နေ
တွေဆိုးလာနိုင်တာကြောင့်လောလောဆယ်ငြိမ်နေ
မှရမည်။ ဒါကြောင့် ဖရိုဖရဲ ဖြစ်နေတဲ့ သူ့ကိုယ်သူပြန်ပြင်လိုက်ပြီး.....
"အရင်ဆုံးလွတ်ပေးပါအုံး....ခင်ဗျားဆွဲထားတာ အရမ်းနာနေပြီ....."
ပုံမှန်လေသံဖြင့်ပြောလိုက်ပေမယ့် အနည်းငယ် ညှင်သာပြီး
မာန်ကျနေတဲ့ပုံဖြစ်တာကြောင့် leon လွတ်ပေးလိုက်သည်။
ထိုလူသားလေးကိုကြည့်လိုက်တော့ ခေါင်းလေးငုံထားကာ သူနှင့်မျက်လုံးချင်းမဆုံအောင် တမင်ရှောင်နေသည့်သဘောဖြစ်တာကြောင့် စိတ်လျောကာ ဘာမှမပြောပဲ့အပြင်ထွက်လိုက်ပြီးတံခါးကိုသေချာလော့
ချလိုက်သည်။
YOU ARE READING
ကျွန်တော်ပျိုးတဲ့အဆိပ်ပန်း
Fanfictionအချစ်တစ်ခုမှာ အတ္တနဲ့ စွဲလမ်းမှု လွန်ဆွဲ ကြတဲ့အခါ ပြိုပျက်သွားတာက နှလုံးသား လေးပါ.....လူတစ်ယောက်ကိုဘယ်လောက်ချစ်တယ်ဆိုတာအရေးမကြီးဘူး ဘယ်လောက်ထိချစ်သွားနိုင်လဲဆိုတာပဲ့ အရေးကြီးတာပါ။
Part 24
Start from the beginning
