Part 24

109 2 0
                                        


နူးညံ့အိစက်နေတဲ့မွေ့ယာထက်၌ Venom တစ်ယောက်အချိန်ကြာမြင့်စွာအိပ်ပျော်နေရင်မှ နိုးလာခဲ့သည်။ အချိန်ကြာကြာအိပ်ပျော်နေတာမို့လို့ထင်သည်လူတစ်ကိုယ်လုံးနုံးချိနေကာ အားနည်းသလိုပါခံစားနေရသည်။ မျက်လုံးကိုအတင်းဖွင့်ကြည့်လိုက်တော့အမြင်အားရုံတွေက
မှုန်ဝါးနေဆဲ။ မျက်လုံးကိုပြန်မှိတ်လိုက်ပြီး အားတင်းကာ ပြန်ဖွင့်ပြီးကြည့်တော့ အဖြူရောင် မျက်နှာကျက် ကိုတွေ့မြင်လိုက်ရသည်။ဘေးပတ်ပတ်လည်ကို ဝေ့ဝဲကြည့်တော့ တစ်ခန်းလုံးအဖြူရောင်တွေကြီးသာ လိုက်ကာတွေ ကအစ အဖြူရောင်တွေသာ။ အားယူထလိုက်ပြီး သေချာအကဲခတ်ကြည့်လိုက်တော့ ဒါ Venom နှင့်ရင်းနီးနေတဲ့နေရာမဟုတ်တာသေချာသည်။ ရုတ်တရက်  leon နဲ့ဖြစ်ပျက်ခဲ့တာတွေကိုသတိပြန်ရကာ ကုတင်ပေါ်က ပြေးဆင်းပြီး အပြင်ထွက်ရန် တံခါးရှိရာကိုခပ်မြန်မြန်ပြေးသွားလိုက်မိသည်။ဒါပေမယ့်

"ဝုန်း.......ချွင်......ချွင်....."

ကုတင် နဲ့ Venom ခြေထောက်ကိုတွဲချည်ထားသောသံကြိုးက တံခါးနားသို့မရောက်ခင်မှာပဲ့ ကြိုးတင်းကာ ကောင်လေး ​မှောက်လျက်ပြုတ်ကျသွားခဲ့သည်။ Venom ဟာ သူ့ခြေထောက်မှာသံကြိုးနဲ့ချည်ထားတယ်ဆိုတာကို
သတိမထားမိပဲ့ အပြင်ထွက်ချင်စိတ်တစ်ခုတည်းသာ လော၍ ပြုတ်ကျသွားခဲ့သည်။ သံကြိုးဖြစ်တာကတစ်ကြောင့် အရှိန်နဲ့ ကြိုးတင်းတာကတစ်ကြာင်း Venom ခမျှာ ခြေထောက်ဖြူဖြူ လေးထက် ပွန်းပဲ့ဒဏ်ရာက ဖြစ်သွားခဲ့သည်။ ဒါပေမယ့် ဒဏ်ရာ ကိုမနာနိုင်ပါ လွှတ်မြောက်ရန်သာ အားသန်နေ၍ သံကြိုးကိုအတင်းပြန်ဆွဲထုပ်နေမိသည်။

ခုမှ ကိုယ့်ကိုကိုယ် သေချာပြန်ကြည့်မိသည်။ ကျွန်တော် ဝတ်လာတဲ့ အင်္ကျီ တွေမရှိတော့ ခန္ဓာကိုယ် မှာ Bathrobe တစ်ထည်သာ leon ဒီလူ ဘာလုပ်လိုက်ပြီလဲ ကိုယ့်ကိုကိုယ် ပြန်စစ်မိသည်။ ဘာမှမဖြစ်သေးဘူး တော်သေးတာပေါ့ အားယူထလိုက်ပြီး အခန်းစီးလိုက်ကာတွေကိုဆွဲဖွင့်လိုက်တော့အ ပြင်ဘက်မှာ ဘာမှမတွေ့ရ သစ်ပင်ကြီးတွေနဲ့သာဖုံးနေသည်။ ကြည့်ရတာ ဒီအိမ်က နှစ်ထက်အိမ်ငယ်လေးသာ မှန်တံခါးရဲ့အပြင်ဘက်မှာဝရံတာလေးရှိတယ်ဆိုပေမယ့် သေချာသော့ခတ်ထားသည်။ အခန်းပြင်ကိုထွက်ရန်တံခါးကိုတော့ ခြေထောက် မှာ ချည်ထားတဲ့ကြိုးနဲ့တော့မမှီ ကြားမှာ ၁၀ပေလောက်လိုနေသေးသည်။ ကိုယ့်အ​ဖြစ်​ကိုကိုယ်ကြည့်ကာ ဒေါသတွေထွက်ပြီး Leon အပေါ် အပြစ်တွေပေါက်ကွဲမိတော့သည်။

ကျွန်တော်ပျိုးတဲ့အဆိပ်ပန်းDonde viven las historias. Descúbrelo ahora