"leon.. လွှတ်နော်..ဒီလို့မလုပ်နဲ့....ဖယ်စမ်း..."

ထိန့်လန့်ကာ စကားတွေတောင် တုန်ရီနေပြီး မျက်ဝန်းတွေကအရောင်တောက်လို့နေပြီ

leon ဟာ တစ်ဖြည်းဖြည်း နဲ့Venom မျက်နှာနားကိုကပ်လာတာကြောင့်ခေါင်းကိုတစ်ဖက်သို့စောင့်လိုက်မိသည်။ဒါတောင်ဆက်ပြီးတိုးကပ်လာတာကြောင့် leon ရဲ့အသက်ရှူသံနဲ့အာငွေ့နွေးနွေးလေးကိုလည်ပင်းနားကခံစားမိနေသည်။ ထိုနောက်နား နားသို့ကပ်ကာ

"ခင်ဗျားလေးကသာ Ronnie ကိုလွမ်းနေတာ ဟိုကဖြင့်ပုံမှန်အတိုင်းပဲ့ လှုပ်ရှားသွားလာနေပြီးအလုပ်ပဲ့လုပ်နေတယ်တဲ့...Ronnie က
Ryan ကိုချစ်တာကောဟုတ်ရဲ့လား"

leon ခပ်တိုးတိုးနဲ့ သြရှရှအသံတို့နှင့်  အမေးကို Venom ကဘာမှပြန်မ​ဖြေ ​ပဲ့ငြိမ်နေတာကြောင့်

"ဘာလို့ငြိမ်နေတာလဲ...ဟင်...."

"ခင်ဗျားထက် Ronnie အကြောင်းငါပိိုသိတယ် ဘာမှလာသွေးထိုးနေစရာမလိုဘူး"

"ပြီးတော့ Ronnie ရဲ့အသက်ရှူသံနှလုံးခုန်သံစည်းချက်တွေကအစငါနဲ့အနီးကပ်ရှိနေတာမို့ Ronnie ဘာလုပ်နေလဲ ဘာစဥ်းစားနေလဲ ဘာပြောနေလဲကအစငါသိတယ် Ronnie က ငါ့ရဲ့ Soulmate ပဲ့Leon"

leon ဟာ Venom ကို ဆွချင်ပေမယ့် သူပဲ့ ရိုက်ခတ်ခံလိုက်ရတာကြောင့် အသက်ရှူသံတွေမြန်လာပြီးဒေါသထွက်လာရသည်။ ဖမ်းချုပ်ထားတဲ့လက်တွေကိုပိုမိုတင်းကျပ်စွာ ဖိကိုင်လာသည်။ ဒါကိုသိသော Venom က

"leon လွှတ်တော့ လက်နာလာပြီ....အင့်...leon.. "

Venom အသံပိုကျယ်လာပြီး ထိန့်လန့်လာသည်။ leon နဲ့ သူ ဒီလိုမျိုးနှစ်ယောက်ထဲ အတူတူရှိနေတာနဲ့တင်လွန်လှပြီ။
Ronnie ကို လုံးဝသစ္စာပျက်တဲ့လုပ်ရပ်မျိုးသူအဖြစ်မခံနိုင်။Ronnie က Venom အပေါ်အများကြီးပေးဆပ်ပြီးကာကွယ်ထားတာ။ ဒီလောက် တော့ Venom ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပေါ့။ အသက်နဲ့လဲပြီးတော့တောင်မှ ကာကွယ်ရမည်။

ကျွန်တော်ရင်ခွင်အောက်ကကောင်လေးဟာ သူနှလုံးသားထဲ အတွေးထဲမှာ သူချစ်တဲ့ Ronnie တစ်ယောက်သာမြင်နေသည်။ ဘာလို့ကျွန်တော်ကို ကျမမြင်တာလဲ။ ကျွန်တော်လဲ သူ့ကို ရူးလောက်အောင်ချစ်တယ်ဆိုတာဘာလို့မသိရတာလဲ။ လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းကစွဲလမ်းခဲ့ရတယ်ဆိုတာဘာလို့မသိရတာလဲ။
Ronnie နဲ့မဟုတ်ပဲ့ ကျွန်တော် နဲ့အရင်တွေ့ခဲ့တာပါ Ryan ရယ်။ ဒါပေမဲ့ ကံကြမ္မာက လှည့်စားလွန်းတယ်Ryan ။ Ryan ရဲ့ နှလုံးသားနှင့်မျက်ဝန်းတို့က ကျွန်တော်ကို တစ်စက္ကန့် လောက်ပဲ့မြင်ကြည့်ပေးအောင်ဘာတွေ​ပေးဆပ်ရမှာလည်း ဘယ်လိုလုပ်ပေးမှ Ryan ကိုယ့်ကို နည်းနည်း လောက်ဖြစ်ဖြစ်လှည့်ကြည့်လာမှာလဲ။

ကျွန်တော်ပျိုးတဲ့အဆိပ်ပန်းWhere stories live. Discover now