**ကောင်းပြီလေ တစ်ခါလောက်စိန်ခေါ်ကြည့်ကြတာပေါ့ ဒီထက်မကတဲ့ဆုံးရှုံးနစ်နာမှုတွေကိုတောင်စိန်ခေါ်ကြည့်မှာမို့ ငါleon ကRyan ကိုလုံးဝလက်မလွှတ်ပေးတော့ဘူး လုပ်လိုက်စမ်းပါ ဘယ်လောက်ထိငါ့ကိုတိုက်မခိုက်မလဲဘယ်လောက်ထိဖျက်စီးအုံးမှာလဲငါပိုင်ဆိုင်တဲ့အရာအားလုံးကို Ryan နဲ့လဲမှာမို့ လုပ်ပစ်ကြစမ်းပါ...**
ညနေဘက်ရောက်လာတောင် Venom ဟာ ရေချိုးရန်အတွက်ရေချိုးခန်းထဲဝင်လာခဲ့သည်။ရေချိုးပြီးသည်နှင့်အင်္ကျီဝတ်ရန် ကြည့်တော့ အားလုံး Bathrobe တွေသက်သက်ကြီးသာ အထည် ၂၀လောက်ရှိပြီး အင်္ကျီ တစ်ထည်မှမရှိတာကြောင့်
"ဒီလူ အင်္ကျီ တစ်ထည်တောင်မထား ထားဘူး"
တစ်ကယ်တော့ leon ဟာ တမင်မထား ထားခြင်းဖြစ်သည်။ အသုံးဆောင်ပစ္စည်းတွေကအစ အန္တရာယ်ရှိစေမယ့်အရာအားလုံးအခန်းထဲတွင်မထားချင်းပင်။Venom အချိန်မရွေးဘယ်ပစ္စည်းကိုမဆို လက်နက်တစ်ခုအနေနဲ့အသုံးချမှာစိုးတာကြာင့်ဖြစ်သည်။
ညဘက်ရောက်လာတော့ leon အခန်းထဲပြန်ဝင်လာခဲ့သည်။လက်ထဲ၌လည်း စားစရာတွေ ယူလာပေးပြန်သည်။ Venom ဟာ လိုက်ကာနားက နေအပြင်ဘက်ကိုလှမ်းငေးကြည့်နေတာမြင်တော့လည်း စိတ်ထဲမကောင်းဖြစ်မိသည်။ ဒါပေမယ် ထိုလူသားလေးအတွက် သူပိုင်တာအားလုံးကိုရင်းထားဖို့ဆုံးဖြတ်ထားပြီးပြီမလား။
"Ryan ......."
ခေါ်လိုက်ပေမယ့်မကြားချင်ယောင်ဆောင်ကာ
လှည့်မကြည့်လာသောကြောင့်အနားသို့ကပ်သွားကာ ဘေးနားမှာကပ်ထိုင်လိုက်ပြီး
"ဘာတွေငေးနေတာလဲ....."
"ဘာမှလုပ်စရာမှမရှိတာ Ron ကိုလွမ်းနေတာပေါ့"
ခပ်ရွဲ့ရွဲ့အဖြေကြောင့်နှလုံးသားကို ဆူးနဲ့ဆွလိုက်သလိုဖြစ်သွားပေမယ့် ဖြစ်သင့်တာပဲ့ဟုတွေ့မိကာ နှုတ်ခမ်းထက်၌မဲ့ပြုံးလေးတစ်ချက်ပြုံးပြီး Venom ရဲ့ကိုယ်လုံးသေးသေးလေးကို စွေ့ခနဲ့ ကောက်ချီလိုက်လေသည်။
"ဘာလုပ်တာလဲ..... ပြန်ချပေး...''
ရုတ်တရက်ကြီး လာချီတာကြောင့်လန့်ကာအော်ပြောလိုက်မိသည်။ ဒါပေမယ့် leon က သူပြောမကြားသည့်နှယ် ကုတင်နားသို့လျှောက်လာလိုက်ပြီးအသာလေးချပေးလိုက်ပေမယ် ချက်ချင်း အိပ်ယာထဲတွန်းလဲကာ အပေါ်က သူ့ကိုယ်လုံးနဲ့ဖိထားလိုက်ပြီး လက်နှစ်ဖက်လုံးကိုလဲ မွေ့ယာထဲမြုပ်နေအောက်ဖိပြီးချုပ်ထားလိုက်သည်။
YOU ARE READING
ကျွန်တော်ပျိုးတဲ့အဆိပ်ပန်း
Fanfictionအချစ်တစ်ခုမှာ အတ္တနဲ့ စွဲလမ်းမှု လွန်ဆွဲ ကြတဲ့အခါ ပြိုပျက်သွားတာက နှလုံးသား လေးပါ.....လူတစ်ယောက်ကိုဘယ်လောက်ချစ်တယ်ဆိုတာအရေးမကြီးဘူး ဘယ်လောက်ထိချစ်သွားနိုင်လဲဆိုတာပဲ့ အရေးကြီးတာပါ။
Part 24
Start from the beginning
