"Hello boss..."
"ဘာလဲ Lay...."
"ဧရာနဒီလွန်းကျင်းမှာဆိုက်ထားတဲ့ကုန်လှေကြီး ၅စီးပေါက်ကွဲမှုဖြစ်ပြီးမီးလောင်သွားပြီBoss.."
"ဘာ......ဘယ်လိုဖြစ်တာလဲ "
"ကျွန်တော်တို့လည်းစုံးစမ်းနေတာ မရဘူး လုံးဝသက်သေပျောက်နေတယ်Boss လှေပေါ်က လုပ်သားတွေလဲအားလုံးပေါက်ကွဲမှုဖြစ်စဥ်မှာသေဆုံးကုန်ပါတယ်Boss အရမ်းထူးဆန်တယ်"
"Ronnie ကရော..... "
"ပုံမှန်အတိုင်... ဘာမှထူးခြားတာမရှိဘူး နှစ်ကုန်ကားပြိုင်ပွဲကြီးအတွက်အလုပ်ရှုပ်နေတယ် သူ့ချစ်သူတစ်ယောက်လုံးပျောက်သွားတာတောင်ဘာမှမဖြစ်သလိုနေ နေတယ် ရဲလဲမတိုင်ထားဘူးလို့သိရတယ်..."
"Ronnie တစ်ခုခုတော့ လုပ်မှာသေချာတယ် လုံးဝငြိမ်နေမယ့်အနေထားမဟုတ်ဘူး သေချာထပ်စောင့်ကြည့်ထား ပေါက်ကွဲမှုကိစ္စအတွက်မင်းတို့ကြည့်ရှင်းထားလိုက်"
"Boss...ခဏလောက်လာမှရမယ်ထင်တယ် လှေလုပ်သားတွေအတွက်ကိစ္စကboss ကိုယ်တိုင်ဖြေရှင်းမှရလိမ့်မယ် အမှုပိတ်ဖို့အတွက်boss ရဲ့အာဏာလိုတယ်"
leon ခေါင်းရှုပ်ရပြီ သူထိုကိစ္စတွေ ပြဿနာတွေ ကိုကြိုတင်မှန်းဆထားပေမယ့် ဒီလောက်ထိ ဖြစ်လိမ့်မယ်လို့အတွေးထားတာတော့အမှန်ပါ ။ ဘာမှမဆိုင်တဲ့ လူ့အသက်တွေကိုရန်ရှာလိမ့်မယ့်ဘယ်သူကထင်မိမှာလဲ။ ပြီးတော့ တစ်ယောက် နှစ်ယောက် ထဲမဟုတ် အလုပ်သမားတွေ အများကြီးပဲ ။ Ronnie လုပ်တယ်လို့ပြောရအောင် Ronnie က ဒီလိုလူစားမျိုးမဟုတ် ဒီလိုမိုက်ရူးရဲဆန်တာတွေမလုပ်လောက်ဘူး leon က Ronnie အကြောင်းကောင်းကောင်းသိသည်။
"ကောင်းပြီ ဒါဆို lay ဒီကိုခဏလာခဲ့လိုက် ဒီမှာ တစ်ယောက်ယောက်ရှိမှရမယ်"
"ဟုတ်ကဲ့..Boss..."
leon အခန်းဘက်ကြည့်လိုက်မိသည်။တိတ်ဆိတ်ငြိမ်သက်နေပြီ ထိုအခန်းထဲ၌ သူသိပ့်ချစ်ရပါတဲ့
လူသားလေးတစ်ယောက်ကိုဖွက်ထားမိတယ်လား။ ထိုလူသားလေးက တစ်ခြားသူပိုင်ထားပြီးသားဆိုဒါကိုသိတာတောင် သူစွဲလမ်းခဲ့
တဲ့ထိုလူသားလေးကို သူလက်မလွှတ်ချင်ပါ။ ဒီလိုလုပ်တာဟာ ဘယ်သူအတွက်မှမကောင်းဘူးဆိုတာသိသည်။ ဒါပေမယ့် နှလုံးသားက တောင်းတနေတဲ့အာဟာရကို ဘယ်လိုလွန်ဆန်ရမှာလဲ။
YOU ARE READING
ကျွန်တော်ပျိုးတဲ့အဆိပ်ပန်း
Fanfictionအချစ်တစ်ခုမှာ အတ္တနဲ့ စွဲလမ်းမှု လွန်ဆွဲ ကြတဲ့အခါ ပြိုပျက်သွားတာက နှလုံးသား လေးပါ.....လူတစ်ယောက်ကိုဘယ်လောက်ချစ်တယ်ဆိုတာအရေးမကြီးဘူး ဘယ်လောက်ထိချစ်သွားနိုင်လဲဆိုတာပဲ့ အရေးကြီးတာပါ။
Part 24
Start from the beginning
