"ထွက်ပြေးမယ်မကြံနဲ့..ဒီနေရာဟာ ကိုယ့်ပိုင်နက် ဒီအိမ်ကနေခြေတစ်လှမ်းခွာတာနဲ့ Ronnie အန္တရာယ်များ ပြီလို့သာမှတ်လိုက်တော့"

Venom ဟာ ကျွန်တော် ကိုစူးရဲစွာကြည့်ပြီး

"လူယုတ်မာ..... "

ကျွန်တော်ပြုံးလိုက်မိသည် သူ ကျွန်တော်ကိုခုလိုပြောတာ နှစ်ခါရှိပြီ... ဒါပေမယ့် ကိစ္စ မရှိပါဘူး သူ့ရဲ့ အားနည်းချက် က Ronnie ဆိုတာသိလိုက်ရတဲ့အတွက် ဒီလောက်တော့ပြောခံရမှာပေါ့။

"ရော စားစရာတွေ အေးတောင်အေးနေကုန်ပြီမြန်မြန်စားလိုက်"

ဟုတ်ပါသည် ကျွန်တော် အသက်ရှင်မှရမည် ကျွန်တော် Ron ကိုတွေ့ချင်သေးတယ် ကျွန်တော် စိတ်ကူးထားတဲ့ နှစ်ယောက်ကမ္ဘာလေး တည်ထောင်ချင်သေးတယ် ပြီးတော့ Ron ကျွန်တော် ကိုရှာတွေ့မယ်ဆိုတာ ကျွန်တော်သိတယ်
ဒီတိုင်တော့ လက်ရှော့လို့မဖြစ်ဘူး လွတ်မြောက်ဖို့အားအင်တွေလိုသည် တကယ်လို့ ကျွန်တော် ကိုရှာမတွေ့ရင်လည်း ကိုယ့်ဟာကို လွှတ်မြောက်အောင်လုပ်ရမည်။ သူ့လက်ထဲမှာတော့ ဒီလိုဘဝမျိုးနဲ့အဆုံးမသတ်နိုင်ပါ။ ဒါကြောင့် leon ယူလာပေးတဲ့သားစရာတွေ အသာတကြည်စားပြလိုက်သည်။
ပြီးတာနဲ့

"ခင်ဗျားထွက်သွားပေးလို့ရမလား ငါ တစ်ယောက်ထဲ နေချင်တယ်"

"ကောင်းပြီလေ ဒါပေမယ့် ​ခြေတစ်လှမ်းခွာမယ်မကြံနဲ့နော်
ကိုယ်ပြောထားပြီးပြီ....".

"သိတယ် ခင်ဗျားထပ်ပြောစရာမလိုဘူး"

Ron အန္တာရာယ် ဖြစ်မယ်ဆိုတဲ့စကားလုံးကို ကြားတောင်မကြားချင်ပါ။ ဒါကြောင့် leon ကို မြန်မြန်နှုတ်ပိတ်လိုက်မိသည်။ ဒါတွေအားလုံးက ကျွန်တော်ကြောင့်ဖြစ်လာခဲ့တာ။ ကျွန်တော်ရဲ့အမုန်းတွေအငြိုးတွေကြောင့် Ron ကို မနာကျင်စေချင်ပါ။ စကားနဲ့တောင်ဖြစ်ဖြစ်ပေါ့။

"ဒါဆို ကိုယ်သွားပြီ..."

leon အခန်းပြင်ထွက်လာလိုက်သည်။ ခုချိန်မှာ ကောင်လေးက သူ့ကိုမတွေ့ချင်တာမဆန်းပါဘူး။ ဒီလိုကိစ္စတွေကို leon ကြိုတွေးပြီးသားပါ။ နောက်ထပ်ဆုံးရှုံးရမယ့်အရာတွေအတွက်ရော ဖြစ်လာမယ့် နာကျင်စရာ အထိ အဆုံစွန်တွေးထားပြီးပြီဖြစ်သည်။ ထိုစဥ်

ကျွန်တော်ပျိုးတဲ့အဆိပ်ပန်းWhere stories live. Discover now