"Venom....ထပါအုံး.."
"လာမထိနဲ့...... ဟင့်အင့်......"
ငိုနေတာ ထိုကောင်လေးက ငိုနေတာလား.....အမြဲတမ်း ပန်းရိုင်းတစ်ပွင့်လို့ ရိုင်စိုင်းခက်ထန်တဲ့ အဆိပ်ပန်းလေးကငိုနေတာတဲ့လား...ဒါမှမဟုတ် သူ့မာယာ များလား...အရင်က သူ့ပုံစံမျိုးဆိုခုလောက်ဆို ထသတ်နေရမှာလေ ခုက ငြိမ်နေကာ မျက်ရည်တွေ ကျတယ်တဲ့လား....ကျွန်တော်မမြင်ဖူးသော သူ့ပုံစံလေးကြောင့် နှလုံးသားထဲ အမည်ဖော်မရတဲ့ခံစားချက်ကလေးက လှိုက်ခနဲ့...သူ့ခြေထောက်ကိုကြည့်မိတော့လည်း ဖွေးဥနေတဲ့အသားရေမှာ မာကျောခက်ထန်တဲ့သံတွေကြောင့် ပွန်းကာ အသားလေးတွေတောင်နီနေပြီ.. နာနေမှာပေါ့... ဘယ်လောက်ပဲ့လူအသက်ကိုတောင်သေစေနိုင်တဲ့ အဆိပ်ပန်းကလေးဖြစ်နေပါစေ နူးညံ့တဲ့ သဘောတရားကတော့ အတူတူတွေကြီးပဲ့သာ။ ကျွန်တော့ သူ့အပေါ် ပျော့ပျော့ညံ့ညံ့ မဆက်ဆံမိဖို့လုပ်ထားပေမယ့် ခုလိုအမူယာလေးရှိသေးတယ် ကျွန်တော်စိတ်ပျော့နေမိပြီလား။ ကျွန်တော် သူ့ခြေထောက်လေးကိုထိ ကိုင်ကြည့်တော့
"အာ့....."
တိုးညင်းလှပေမယ့် သေချာကြားလိုက်မိသည်။ နာသည်ထင်ပါသည် ကိုယ်လုံးလေးတုန်သွားကာ ခြေထောက်လေး တွန့်သွားပုံမှာ မဖြစ်ဘူး သူအပေါ် ဒီလိုစိတ်ပျော့မိလို့မဖြစ်ဘူး ထပ်ဆုံးရှုံးရလိမ့်မယ် leon
မင်းစိတ်တွေ မာကျောလိုက်စမ်း သူ့အပေါ် နည်းနည်လောက်တော့ ခက်ထန်တင်းကြပ်လိုက်စမ်း ဘယ်လောက်
ပဲ့ ကိုယ့်ဦးဏှောက်ကို အမိန့်ပေးနေပါစေ ကျွန်တော်လက်တွေက သူ့ခြေထောက်ကသံကြိုးကို သော့ဖြေပေးလိုက်မိသည့်နှင့် နှလုံးသားက အောင်နိုင်သူပမာ မင်းမလုပ်ရက်ပါဘူးဟုဆိုကာ ကျွန်တော် အသိဉာဏ် တွေကိုလှောင်ရယ်လိုက်လေပြီ။ ကျွန်တော် သံကြိုးဖြေပေးလိုက်တော့ ကျွန်တော် စွဲလမ်းခဲ့ရတဲ့ မျက်ဝန်းတစ်စုံ က ကျွန်တော် ကို နားမလည်သလိုကြည့်လာခဲ့သည်။ ကြည်လဲ့နေတဲ့ မျက်ဝန်းနဲ့ ခုဏက ငိုထားတဲ့အရှိန်ကြောင့်ပါးလေးတွေ ရဲနေကာ နှုတ်ခမ်းလေးလည်း နီကာ နှာခေါင်းလေးကအစ ပန်းရာင်သန်းနေပြီ ပါးပြင်ထက်၌မ ခြောက်သေးသောမျက်ရည်ဥလေးတွေက အသနားခံနေသည့်ပုံ ကျွန်တော် လက်တွကို သူ့ပါးပြင်ထက် ခစားရန်ခေါ်ယူနေတော့ သူ့ပါးပြင်လေးထက်က မျက်ရည်ဥလေးကိုသုပ်ပေးလိုက်တော့ ငြိမ်ပေးနေလေရဲ့။ပြီးတော့ သံကြိုးတွေကြောင့် နီရဲသွားသောခြေထောက်လေးကို နှုတ်ခမ်းလေးဆူပုတ်ကာကြည့်နေပြီး သူ့လက်ကလေးနဲ့ အသာလေးပွတ်နေရှာသည်။ ကျွန်တော် သူ့အမူယာလေးတွေရှေ့ ထပ်အရှုံးပေးရပြန်ပြီ။ မိုက်မဲလိုက်တာ leon ရာ....မင်းဘယ်လိုတွေတောင် စောက်ရှက်မရှိပြန်တာလဲကွာ။
JE LEEST
ကျွန်တော်ပျိုးတဲ့အဆိပ်ပန်း
Fanfictieအချစ်တစ်ခုမှာ အတ္တနဲ့ စွဲလမ်းမှု လွန်ဆွဲ ကြတဲ့အခါ ပြိုပျက်သွားတာက နှလုံးသား လေးပါ.....လူတစ်ယောက်ကိုဘယ်လောက်ချစ်တယ်ဆိုတာအရေးမကြီးဘူး ဘယ်လောက်ထိချစ်သွားနိုင်လဲဆိုတာပဲ့ အရေးကြီးတာပါ။
Part 24
Start bij het begin
