"ဒါပေမယ့် Ryan ရွံတဲ့ သူကိုခုထိတွေ့ထားရပြီမဟုတ်လား?"
ထိုသို့ပြောတော့ Venomဟာအတင်းရုန်းကန်လာပြီး
"ခင်ဗျား..လာဖက်ထားမနေနဲ့လေ..ဖယ်လွှတ်စမ်း..ပြီးတော့
ငါ Ryan မဟုတ်ဘူး.. ခင်ဗျားမှာ ဘာသက်သေရှိလို့ တစ် Ryan ထဲ Ryan နေရတာလဲ?"
"ဟော့ဒီက ကလေးလေးက ကိုယ့်ရဲ့သက်သေပဲ့ပေါ့ တစ်ခြားသူတွေကို လိမ်လို့ရချင်ရမယ် ကိုယ့်ကိုတော့မရဘူးလို့ပြောထားပြီးပြီမဟုတ်လား ကိုယ်Ryan ရဲ့ အရာအားလုံးကိုအသေးစိတ်သိတယ်"
leonစကားအဆုံးတွင် Venom ဟာအနည်းငယ်ငြိမ်ကျသွားပြီး
"အား..... Ryan..."
Venom ဟာ. leon လက်ကို အလစ်မှာဖမ်းကိုက်လိုက်တာကြောင့် leon လွှတ်ပေးလိုက်ရသည်။
"လွှတ်ပေး ချက်ချင်း ဒီသံကြိုးတွေကိုဖြုတ်ပေး လို့ ငါ့ကို တိရိစ္ဆာန် တစ်ကောင်လိုချည်နှောင်ထားတာ ငါမကြိုက်ဘူး
ပြီးတော့ Ronnie ငါ့ကိုစိတ်ပူနေလိမ့်မယ်"
Venom ထိုသို့ပြောတော့ leon က
"ဒီကမ္ဘာပေါ်မှာ Ronnie တစ်ယောက်ပဲ့ချစ်တတ်တယ်လို့ထင်နေတာလား ..."
"ဒီမှာ ခင်ဗျား ပါးစပ်က Ronnie ဆိုတဲ့နာမည်မထွက်နဲ့ ခင်ဗျားက သူ့ရဲ့ မြူတစ်မှုံစာလောက်တောင်မရှိဘူး"
leon ဟာ Ronnie နှင့် နှိုင်းယှဥ်ခံလိုက်ရတာကြောင့် သူ့အချစ်ကို စော်ကားလိုက်သလိုဖြစ်သွားကာ စိတ်ထဲထောင်ခနဲ့ဖြစ်သွားပေမယ့် ခုချိန်မှာ ထိုကောင်လေးအပေါ်ဒေါသထွက်၍မရ အလိမ္မာလေး နဲ့ချော့ရမည့်အချိန်ဖြစ် နေတဲ့အတွက်......
"အစားလေးတော့စားလိုက်အုံး...မနေ့ကတည်းကအိပ်နေတာ ဗိုက်ဆာနေရောပေါ့..."
"မစားဘူး....ငတ်ပြီးသေသွားလည်းအေးတာပဲ့"
"ကိုယ့်ကို ရန်တွေ့နိုင်ဖို့ဆို အားရှိဖို့လိုတယ်မလား..နည်းနည်းတော့ စားလိုက်"
"ငါကို ဒီသံကြိုးတွေဖြည်ပေး..."
"ဒါတော့မရဘူး..."
"ဒါဆိုလဲ သေတောင်မစားဘူး....."
Venom ဟာ သူ့ကိုချည်နှောင်ထားတာလုံးဝမကြိုက်တာကြောင့်..အော်ပြောလိုက်လေသည်။ ပြီးတော့ တစ်ဘက်သို့စောင်းကာ လှဲ အိပ်နေလိုက်သည်။ leon က Venom ရဲ့လက်မောင်းလေးကိုကိုင်ကာ
YOU ARE READING
ကျွန်တော်ပျိုးတဲ့အဆိပ်ပန်း
Fanfictionအချစ်တစ်ခုမှာ အတ္တနဲ့ စွဲလမ်းမှု လွန်ဆွဲ ကြတဲ့အခါ ပြိုပျက်သွားတာက နှလုံးသား လေးပါ.....လူတစ်ယောက်ကိုဘယ်လောက်ချစ်တယ်ဆိုတာအရေးမကြီးဘူး ဘယ်လောက်ထိချစ်သွားနိုင်လဲဆိုတာပဲ့ အရေးကြီးတာပါ။
Part 24
Start from the beginning
