"အားးးး... leon ခင်ဗျားကို သတ်မယ်.."

ကောင်လေးနိုးလာတာကိုတစ်ဖက်ခန်းက CCTV ကနေစောင့်ကြည့်နေခဲ့သည်။ ထင်တဲ့အတိုင်းပဲ့ ကောင်လေးက ပေါက်ကွဲနေလေပြီ။ ကျွန်တော် ပြုံးမိပါသည်။ ထိုကောင်လေးရဲ့ဘယ်လိုပုံစံမျိုးကိုမဆိုကျွန်တော်ချစ်သည်။
ပြီးတော့ ထိုကောင်​ လေးရဲ့အရာရာတိုင်းကိုကျွန်တော်အသေးစိတ်မှတ်မိနေသည် ကျွန်တော် ခေါ်လာတဲ့ ကလေးဟာ မနေ့ကတည်းကနေ တစ်ညလုံးအိပ်ပျော်နေကာ မနက်ရောက်မှနိုးလာခဲ့ချင်းဖြစ်သည်။ ဒီချိန်လောက်ဆို ဗိုက်ဆာနေလောက်ရောပေါ့။ ဘယ်လိုပဲ့ဖြစ်ဖြစ် ကျွန်တော် သူနဲ့အတတ်နိုင်ဆုံးညှိနှိုင်းပြီး ကောင်လေးကိုဒီနေရာမှာပဲ့ ကျွန်​တော်နဲ့အတူပိတ်လှောင်ပြီး နေသွားမယ် ဟူ၍ကျွန်တော်ဆုံးဖြတ်ထားပြီးပြီ။ တစ်နေ့နေ့တော့ Ryan က ကျွန်တော် ကိုလက်ခံလာမှာပါလို့ကျွန်တော်ယုံကြည်သည်။
လက်ခံလာအောင်ကျွန်တော်လုပ်ယူမည် အကြမ်းနည်းပဲ့သုံးရသုံးရ အနုနည်းနဲ့ ရရင်လည်းရပေါ့။

leon ဟာ စားစရာတွေ ဗန်းထဲထည့်ယူဆောင်လာပြီး အခန်းတံခါးကိုဖွင့်ပြီးဝင်လိုက်သည်နှင့် သူသိပ်ချစ်ရပါသော
လူသားလေးရဲ့ စူးရဲတဲ့အကြည့်တွေကို လက်ခံရရှိလိုက်သည်။

"နိုးပြီလား... "

"ခင်ဗျား ဘာလုပ်တာလဲ..လွှတ်ပေးခုချက်ချင်း"

"အော်..ကလေးရယ် လွှတ်ပေးချင်မှတော့ခုလိုမျိုးခေါ်လာတော့ပါ့မလား.."

leon ဟာ ပြုံး၍ စကားကိုချိုချိုသာသာလေးပြောလိုက်ပြီး
စားစရာတွေ ကို ကုတင်ဘေးက စားပွဲပေါ်သို့တင်လိုက်ပြီးသူပါ Venom ဘေးနားဝင်ထိုင်လိုကတော့ Venom ဟာ နောက်သို့အနည်းငယ် ခန္ဓာကိုယ် ကို ရွေ့လိုက်တာကြောင့် leon ဟာ Venom ရဲ့ ခါးသေးသေးလေးကိုပြန်ဆွဲယူကာ ရင်ဘက်ချင်းထိစပ်နေသည်အထိ ဆွဲဖက်ထားလိုက်ပြီး မျက်လုံးကိုသေချာကြည့်ကာ အနည်းငယ်ပြုံးယောင်သန်းနေသောနှုတ်ခမ်းတွေက

"ဘာဖြစ်လို့လဲ.... ကိုယ့်ကိုကြောက်လို့လား..?."

"ကြောက်လို့မဟုတ်ဘူး..ခင်ဗျားကို ရွံ့လို့...ဖယ် လွှတ်စမ်း"

ကျွန်တော်ပျိုးတဲ့အဆိပ်ပန်းWhere stories live. Discover now