Cha-84

1.8K 453 22
                                    


[ယွီချင့်ဟွမ်က အင်တာဗျူးမှာ ချစ်သူရှိနေပြီလို့ ဝန်ခံပြောကြားလိုက်ပြီ]

[ယွီချင့်ဟွမ်က သူ စင်ဂယ်လ်မဟုတ်တော့ဘူးလို့ဖွင့်ဟဝန်ခံလိုက်ပြီ! ]

[ဒီနှစ်အကုန်ပိုင်းမှာ ပရိသတ်တွေက နောက်ထပ်နတ်ဘုရားတစ်ပါးကိုဆုံးရှုံးခဲ့ရပြန်ပြီ!]
...

ထိုညတွင် ထိုသတင်းထူးက မီဒီယာ၊ အင်တာနက်နှင့်သတင်းစာမျက်နှာများအထိ အုတ်အော်သောင်းတင်းဆူပူမှုများ ဖြစ်ပေါ်စေခဲ့သည်။ တခဏအတွင်း နိုင်ငံတစ်ဝှမ်းရှိ လူတိုင်းနီးပါး ယွီချင့်ဟွမ်ရဲ့ချစ်ရေးချစ်ရာကိစ္စကို သိရှိသွားခဲ့သည်။

ထိုဖရဲသီးစားလူတစု အစပိုင်း live stream မှာ စတည်းချခဲ့ကြခြင်းမှာ ယွီချင့်ဟွမ်အား နောက်ပြောင်ရန်ဖြစ်ပေသည်။ ထိုအစား သူတို့ပါးစပ်ထဲ ခွေးစာတွေပဲ သွပ်ထည့်ခံရလိမ့်မည်ဖြစ်ကြောင်း လုံးဝမမျှော်လင့်ထားခဲ့ပေ။ ထိတ်လန့်တုန်လှုပ်သွားကြပြီး လူတိုင်းက ငိုကြွေးမြည်တမ်းနေကြတော့သည်။

[Koi လေး! အတိအလင်းထုတ်ပြောလိုက်တာ ပိုကောင်းလိမ့်မယ်နော် မင်းမှာချစ်သူရည်းစားရှိတာ ကြွားဝါရဲတဲ့သတ္တိရှိပေမယ့် အဲ့ဒီလူကဘယ်သူဆိုတာ ငါတို့ကိုပြောပြရဲတဲ့သတ္တိကောရှိသလား]

[Omg! ခံစားရတာဆိုးလိုက်တာ! ငါအလှောင်အပြောင်ခံနေရသလို ထင်မိတယ် ချင့်ဟွမ်ရဲ့ရည်းစားကဘယ်သူလဲ? ]

[အင်တာဗျူးက ဘာလို့အရမ်းတိုနေရလဲ?! koi လေးနဲ့ ချစ်ကြိုက်နေတာဘယ်သူလဲ? ငါရဲ့အချစ်ပြိုင်ဘက်ကဘယ်သူလဲကွ?! ]

[ဒီခွေးစာက အရသာအရမ်းရှိလိုက်တာ ပြုံးပြုံးလေးနဲ့ ငါအခုအဝေးထွက်ခွာသွားပါပြီ ]
...

ယွီချင့်ဟွမ်ပရိသတ်များမှာ သူ့အားထောက်ခံအားပေးမှု ရပ်ဆဲလိုက်တော့မယ်ဆိုတဲ့ အရိပ်အယောင်လက္ခဏာများမရှိပါဘဲ အံ့ဩဖွယ်ကောင်းလောက်အောင် ငြိမ်ချက်သားကျနေသည်မှာ ပဟေဠိဖြစ်ဖွယ်ပင်။ ပရိုမိုးရှင်းခရီးစဉ်တုန်းက သူသဘောကျနေတဲ့သူရှိပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီးဖြစ်နေလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏။

You've reached the end of published parts.

⏰ Last updated: May 26 ⏰

Add this story to your Library to get notified about new parts!

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now