Cha-21

7.8K 1.7K 67
                                    

[Unicode]

ဟော်ချွီသည် အလွန်တရာ စိတ်သောကရောက်ရင်ပူနေကာ သူရှိသမျှအင်အားဖြင့် အားသွန်ခွန်စိုက် ပြေးသွားတော့သည်။သူ့ပုံစံမှာ ခုချက်ချင်းပဲပျံတက်သွားပြီး မျက်တောင်တခတ်အတွင်း ပျောက်ကွယ်
သွား​တော့မည့်အတိုင်းပင်။

နောက်လိုက်ပညာရှင်များ လန့်ဖျန့်သွားရသည်မှာ လိပ်ပြာလွင့်တော့မတက်ပင်!

ဒီရက်ပိုင်းအတွင်း ထိုလူငယ်လေးအကြောင်းကို သူတို့ အများကြီးကြားထားရသည်။သိထားသည်မှာ
သူဟာ သူ့အိမ်ပြင်သို့ခြေတလှမ်းထွက်လိုက်တာနှင့် လမ်းပျောက်တက်သည့်လူစားမျိုးဆိုတာကိုပင်။

ခုချိန်မှာ ထိုသူက တယောက်တည်း အိမ်ပြန်ချင်တယ်လို့တောင်းဆိုလာတယ်!

ဒီလူငယ်လေး ပညာရပ်ပိုင်းဆိုင်ရာနှီးနှောဖလှယ်ပွဲကို တက်ရောက်မယ် မတက်ရောက်ဘူး ဆိုတာက
ခုချိန်မှာတော့အသေးအဖွဲ ဖြစ်သွားချေပြီ။တောက်ပတဲ့အနာဂတ်​ဖြင့် ဉာဏ်ကြီးရှင်ရူပဗေဒပညာရှင် တယောက်ကို ပညာရပ်ပိုင်းဆိုင်ရာပွဲလေးတခုကြောင့် ဆုံးရှုံးရမှာ မတန်ပေ။ထို့အပြင် ဟော်မိသားစု၏ အမျက်ဒေါသနှင့် တိုင်တန်းချက်များကို နောက်ပိုင်းလက်ခံရရှိလာမှာလဲ သူတို့မလိုလားပေ။

ဆိုးလိုက်တဲ့ကံ!

ထိုဆံဖြူလူအိုကြီးများမှာ ဟော်ချွီထံစာပို့လိုက်သည့် တယောက်ကို စိတ်ထဲတွင် အခါတစ်ရာလောက် ရေရွတ်ကျိန်ဆဲလိုက်ရင်း သူတို့နောက်ဆုံးလက်ကျန် ခေါင်းမွှေးလေးပါ ပြောင်ကုန်တော့မလား စိုးရိမ်ပူပန်နေ၏။

တာဝန်ရှိကိုယ်စားလှယ်အဖွဲက လူတွေအပြင် ချန်းယာကဲ့သို့ မိန်းမငယ်လေးပါ သူမအဖေခေါ်ထုတ်ခြင်း
ခံရပြီး ဟော်ချွီကိုရှာပုံတော်ထွက်ကြရ၏။

"ချန်းယာ, သမီးရဲ့ သွက်သွက်လက်လက်ခြေထောက်လေးတွေအသုံးချချေ... ဟိုတယ်နဲ့နီးတဲ့နေရာ မှန်သမျှရှာကြည့်!"

လေယာဉ်ပေါ်တွင် ဟော်ချွီကြောင့် ချန်းယာမှာမျက်နှာပျက်အရှက်ရခဲ့သည်။ထို့ကြောင့် ဒီရက်ပိုင်းသူမမှာ သူ့အပေါ်တင်းမာနေ၏။သို့သော်လည်း ခုချိန်မှာ ခေါင်းမာနေရမည့်အချိန်ကာလမဟုတ်တာကြောင့် အခန်းကတ်နှင့် ဖုန်းကိုယူပြီး သူမသည်လဲ အလောတကြီးထွက်ခွာသွား၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now