အပိုင်း(၄)

88 8 0
                                    

Unicode

အပိုင်း - ၄ (အလှ‌လေးကို ကယ်တင်တဲ့ သူရဲကောင်း)

ဧကရာဇ်ကျောက်ယမ်စိုးစံသော ၁၈နှစ်မြောက် လပြက္ခဒိန် ၁၂ လပိုင်း၏ ဒုတိယနေ့တွင်ဖြစ်သည်။

နန်းမြို့တော်ရှိ သဲ့ရှန်းမန်တွင်
မြို့တော်ဂိတ်တံခါးကို အကျယ်ကြီးဖွင့်ထားပြီး အိမ်ရှေ့စံမင်းသား ကျုယွင်ကျင် ဦးဆောင်လာသော စစ်မက်ရေးရာဝန်ကြီးဌာနနှင့် ဓလေ့ထုံးတမ်းရေးရာဝန်ကြီးဌာနမှ အရာရှိများသည် ထိုနေရာတွင် စီစဉ်ထားသည့် အချိန်အတိုင်း စောင့်နေကြသည်။ ရာသီဥတုမှာ အေးပြီး လေပြင်းများတိုက်ခတ်နေသော်ငြား ကံကောင်းစွာဖြင့် လတစ်ဝက်ခန့်မျှ ကျနေခဲ့သောနှင်းများမှာ ယမန်နေ့က ရပ်သွားပြီ ဖြစ်သည်။ သို့ဖြစ်၍ မြို့တော်ထဲကို ပြန်လည်ဝင်ရောက်လာမည့် စစ်တပ်များအတွက် ဖရိုဖရဲ ဖြစ်နေမည်မဟုတ်တော့ပေ။

“ဘယ်လောက်ကြာဦးမှာလဲ?”

ကျုယွင်ကျင်၏အသံသည် လှည်းထဲကနေ ထွက်ပေါ်လာ၏။ အပြင်မှာရပ်စောင့်နေသော ဝမ့်ကျိုက အမြန်ပင် ‌ပြန်ဖြေခဲ့သည်။

“အစေခံတွေထဲက တစ်ယောက်ကို စစ်ဆေးမေးမြန်းဖို့ လွှတ်ထားပြီးပါပြီ။ စစ်တပ်က မြို့တော်တံခါးဝကို နောက်အများဆုံး ဆယ့်ငါးမိနစ်လောက်ကြာပြီးရင် ရောက်လာပါလိမ့်မယ်။”

“ကောင်းပြီ”

ကျုယွင်ကျင်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

“လူတွေအကုန်လုံးကို သူတို့ရဲ့မြင်းတွေနဲ့ လှည်းတွေပေါ်ကနေ ဆင်းပြီး သတိနဲ့အဆင်သင့် စောင့်နေဖို့ အမိန့်ပေးလိုက်။ စစ်တပ်က မကြာခင်ရောက်လာတော့မှာ၊ ငါတို့တွေ အမှားအယွင်းဖြစ်လို့မရဘူး။”

“ဟုတ်ကဲ့ပါ အရှင့်သား”

စစ်တပ်ရဲ့အောင်ပွဲခံပြန်အလာကို စောင့်ကြိုရခြင်းက စိတ်လှုပ်ရှားစရာကောင်းသော်လည်း အေးခဲနေသော လေပြင်းကြားတွင် တစ်နာရီကျော်ကြာ စောင့်နေရခြင်းကတော့ အမှန်တကယ်ပင် အဆင်မပြေလှပေ။ ဒီနုနယ်အားနည်းသည့် သက်တောင့်သက်သာဘဝတွင် နေသားကျနေသော အရာရှိများမှာ ယခုကဲ့သို့ ခက်ခဲသည့်အရာကို ခံနိုင်ရည်ရှိကြမှာ မဟုတ်ပေ။ ကျုယွင်ကျင်သည် နယ်ချဲ့စစ်တပ်၏ စစ်သေနာပတိဖြစ်သော ဟယ့်ဟွိုင်လင်ကို မတွေ့ချင်ပေ။ သို့သော် သူသည် ဤအရာရှိအုပ်စုက အောင်ပွဲခံစစ်သည်များ၏ ရှေ့တွင် ကိုယ့်အရှက်ကိုယ်ခွဲမိကြခြင်းမျိုးကိုလည်း မမြင်ချင်ခဲ့ပေ။

နန်းမြို့တော်မှအကြင်နာသစ္စာ[BL]Where stories live. Discover now