Part.9

136 31 9
                                    

​အထူးနဲ့တွေ့ခဲ့သည်မှာ ထိုနေ့နောက်ဆုံးလို့ငြိမ်းပြောရမည်။
နောက်နေ့နောက်နေ့တွေကျ ငြိမ်းကိုယ်တိုင် ၊အထူးကိုတွေ့
ဖို့မျှော်လင့်မိပါသော်လည်းအရိပ်အယောင်လေးပင်မ​မြင်ရ။
ဒီကိုလာခဲ့သည့်ရည်ရွယ်ချက်အတိုင်း..တောရွာလူနေမူ့
ဓလေ့၊တောတောင်သဘာဝ၊နေရာရူခင်းထူးဆန်းပုံအဖုံဖုံကို၊စာအုပ်ထဲ အကြမ်းဖျင်းမှတ်သားမိ၏။
အတွေးအမြင်သစ်၊ပတ်ဝန်းကျင်သစ်အတွက်ရေးစရာအများကြီးရှိလာလိမ့်မည်လို့ရင်ငြိမ်းထင်မြင်ဖူးခဲ့သည်။ သို့သော် အခုချိန်ထိ ဆောင်းပါးတစ်ပုဒ်ကိုပင် ရင်ငြိမ်းဖြောင့်အောင်မရေးနိုင်ခဲ့ပါ။သူ့စိတ်လစ်ဟာနေသည်။အဖြူရောင်တိမ်စိုင်တွေလိုပဲ တွေးချင်ရာတွေး၊ လွင့်ချင်ရာလွင့်နဲ့။ ထိုအတွေးတွေက
...ရင်ငြိမ်းရှေ့ရေးလည်းမဟုတ်သလို၊အေးရိပ်ငြိမ်စံအိမ်ကြီး
ကြောင်းလည်းမဟုတ်။အခုရက်ပိုင်းအတွင်းရင်ငြိမ်းစိတ်အား
ကြိုးကိုင်ခြယ်လှယ်ထားသူမှာ အထူးတစ်ယောက်သာရှိ
၏။ တွေ့ချင်မြင်ချင်လွန်းလို့လိုက်ရှာမိပါမှ...ထိုလူသည်
ရင်ငြိမ်းမသိအောင်တောခိုနေတော့၏။

ပြူတင်ပေါက်မှတစ်ဆင့်လေနုအေးလေးတွေသည်ရင်ငြိမ်း
မျက်နှာအားဖြတ်တိုက်သွားသည်။လေထုထဲ ပုန်းညက်၊
စံပယ်အနံတွေရောနှောမွှေးပျံကာပါလာသည်။ မိုးရွာပြီးကာ
စ မြေပြင်သည်လည်းသင်းသင်းကြူ။ဘယ်လိုမှစိတ်တည်
ငြိမ်အောင်လုပ်မရသည့်အဆုံး..ရင်ငြိမ်းလက်ထဲရှိဖောင်
တိန်အားစာရွက်ပေါ်ပစ်ချလိုက်ရတော့သည်။ထို့နောက်
မရွှင်မပြစိတ်ဖြင့်စာရေးနေရာမှထကာပြူတင်းပေါက်နား
မတ်တပ်သွားရပ်သည်။ နှစ်ထပ်အိမ်အမြင့်ကကြည့်လျှင်
ဟိုဘက်ခြံတွင်ကုန်းကုန်းကွကွဖြင့်အလုပ်ရှုပ်နေသောယော
ကျာ်းတစ်ယောက်ရဲ့ကျောပြင်ကိုလှမ်းမြင်နေရသည်။
ရင်ငြိမ်းဆက်လက်မအောင့်အီးထားနိုင်တော့။အပေါ်ထပ်က
နေခပ်မြန်မြန်ဆင်းကာ ၊ခြံစည်းရိုးနားထိ ခပ်မြန်မြန်လျှောက်
လာခဲ့သည်။အိမ်တွင်လည်း ဦးကြီးထွန်းလူမရှိပါလေ။
ဒီအခွင့်အရေးကိုအသုံးချကြီး ဟိုဘက်ခြံရှိလူအားချဥ်း
ကပ်စကားပြောနိုင်ဖို့ကြိုးစားကြည့်ရမယ်။
ခြံထဲ အဝတ်လှန်းနေတဲ့လူက ငြိမ်းသိတဲ့ ကိုဂျွန်မိုးစက်
မဟုတ်။ဦးကြီးထွန်းလူပြောပြောနေကျ ကိုဘီအေကြီးရဲ့
ယောကျာ်းကိုဝင့်ထယ်ဆိုသူပဲ ဖြစ်ရမယ်။ ရင်ငြိမ်းသည်ထို
ကိုလူချောနာမည်ကိုခေါ်ဖို့လေးပင်နေမိသည်။မပြောမပြီး မတီးမမြည်ဆိုတဲ့စကားအတိုင်း၊အားတင်းကာထိုလူ့နာမည်အားနှုတ်မှဖွဖွလေးရွတ်ဆိုမိလိုက်သည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: May 21 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

ရင်ငြိမ်းခက်ဝေDove le storie prendono vita. Scoprilo ora