Part.5

178 45 7
                                    

လသည်ထိန်ထိန်ညီးညီးသာ၏။ ဒီလို မိုးလေးကင်းစင်သည့်ညမျိုးဆိုရင်ငြိမ်းသဘောကျပါသည်။မဟူရောင်ပုဝါပါးလွှမ်းခြုံထားသောကောင်းကင်ထက် ကြယ်ရောင်သည်တလဲ့လဲ့။ညအလှကိုတသိမ့်သိမ့်ခံစားရင်း၊အေးရိပ်ငြိမ်
စံအိမ်ကြီးရဲ့တစ်ကိုယ်ရေညများကိုပြန်လည်
အောက်မေ့မိသည်။

ခေတ်ကာလယဥ်ကျေးမူ့ရေစီးကြောင်းသည်
ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။ အနည်း
အများမဆို လူတို့ရဲ့အထင်အမြင်၊စိတ်အာရုံကို
ပြောင်လဲနိုင်စွမ်းရှိတယ်။လူ့သဘောသဘာဝ
အတိုင်း..အသစ်အဆန်းကိုလည်းဆန်းသစ်တီထွင်ခုံမင်ကျလေ့ရှိတယ်။ရင်ငြိမ်းတို့မိသားစုမှာ အစောကနဦး ရွှေထီးဆောင်း၊ကတ္တီပါဖိနပ်စီး အနွယ်တော်တွေ ။ ဘေးဘေးပယောဂတွေကြောင့်ဂါဝန်ဝတ်၊ ဘိုးဖိနပ်စီးလာကျသည်။ဘုန်းကြီး
ကျောင်းပညာရေးကနေ၊ အမျိုးသားဆင့်ကျောင်း
တွေ၊ ထိုမှတဆင့်ကောလိပ်တွေအထိ အဆင့်ဆင့်
တိုးတက်လာရာ..နိုင်ငံခြားဘာသာစကားသည်လည်းပိုလို့ထိထိရောက်ရောက်ရှိလာခဲ့၏။

အေးရိပ်ငြိမ် တစ်အိမ်လုံး မေမေမှလွဲအကုန်လုံး
ပညာတတ်ဘိုလိုမှုတ်ကျသူတွေချည်း။ရင်ငြိမ်း
သည်လည်းထိုထဲမှတစ်ယောက်ပေါ့။ မတူသည်ကား...ရင်ငြိမ်းကိုယ်တိုင် ထို ဘောင်းဘီဝတ်လူ
တန်းစားတွင်မပျော်ပိုက်သည်ပါပဲ။ဘိုဆန်ဆန်ပါ
တီပွဲတွေ၊ ပြဇာတ်၊ဒစ်စကို တွေစိတ်မဝင်စား။
.အဲ့ပါတီပွဲ၊ပျော်ပွဲရွှင်ပွဲတွေအစား... ငြိမ်းကိုစာအုပ်တစ်အုပ်ပေးစမ်းပါ။တစ်နေ့လုံးမပျင်းမရိ ဇိမ်ကျကျစာဖတ်ပြပါ့မယ်။

ရင်ငြိမ်းမှာနွေရိပ်ဆိုတဲ့တစ်အူထုံဆင်းအစ်မ
တစ်ယောက်လည်းရှိသေးတယ်။နွေရိပ်ကတော့
ရင်ငြိမ်းနဲ့အကွာကြီးကွာပ။ချောမောလှပသလို၊
ရွေတွဲလဲငွေတွဲလဲနဲ့လူကြားထဲမော်မော်ကြွားကြွား
လည်းရှိတယ်။ဘိလပ်ပြန် လူတန်းစားအသိုင်း
အဝိုင်းကြား ဝင်ဆံလေရာ ၊အမြဲတမ်းသူ့ကိုယ်သူ
အိမ်ရဲ့အရေးပါအရာရောက်ဆုံးလူတစ်​ယောက်
ဟုထင်မှတ်မှားလေ့ရှိတယ်။
ရင်ငြိမ်းအကျင့်စရိုက်ကိုက မမနွေရိပ်လိုမဟုတ်။
လူဝင်မဆန့်သည့်အခါတစ်သီးတစ်သန့်လို.ဘေး
ထွက်လာရ၏။သူတို့ရဲ့အတွေးအမြင်တွေကြား ရင်ငြိမ်းဟာ ဖောင်တိန်တစ်ချောင်းကိုင်၊တွေး
ချင်တာတွေး၊ရေးချင်တာရေးနေတဲ့စာရေးဆရာ
ပါပဲ။
ကြိုးစားဆဲ လည်းဖြစ်သည်ကြောင့်သူ့အားထုတ်
မူ့သည်လည်းဘာမှအရာမထင်သေး။ လူအထင်
သေးလည်း၊ရင်ငြိမ်းက ကိုယ့်ခံယူချက် ကိုယ့်
ဘဝနဲ့ကိုယ် နေပျော်သည်ကြောင့် ဘာမှထူးထူး
ထွေထွေလည်းမခံစား ရ။ မိသားစုလိုက်အောက်
ထပ်မှာ စကားကောင်းပျော်ရွှင်နေကျချိန်၊ရင်
ငြိမ်းကတော့ အပေါ်ထပ်ဝရံတာမှာမတ်မတ်ရပ်
ပြီးကြယ်တွေကိုငေးနေတော့တာပါ။

ရင်ငြိမ်းခက်ဝေWhere stories live. Discover now