Part.4

172 52 8
                                    

"ဒါ...ဘယ်တုန်း"

အိမ်ပေါ်ကနေပုဆိုကြီးကိုင်၊အပြေးတပိုင်းဆင်း
ချလာသော တူတော်မောင်ကိုကြည့်ရင်းဒေါ်မိုးလှမ်းမေးမိလိုက်တယ်။ တူလေးတစ်ယောက်ရှိပါတယ်..သူ့အစ်ကိုဝမ်းကွဲ ဂျွန်မိုးစက်ခြေရာအတိုင်း
ပဲ။အိမ်ကပ်တယ်ရယ်လို့မရှိပါဘူး။အလုပ်မရှိရင်
ရွာရိုးကိုးပေါက်ဂေါ်လီလိုလျှောက်လိမ့်နေတာ။

"အရီးကလည်းဗျာ၊ရွာထဲ ခဏသွားမလို့၊စိတ်ချ..
ကျုပ်လုပ်စရာရှိတာတွေအားလုံး လုပ်ပြီးသွား
ပြီ..."

"ဟဲ့...ခိုင်းဖို့ပြောနေတာမဟုတ်ဘူး...မျက်စိထဲ
ထောင့်မကျိုးလို့ပြောနေတာ"

အိမ်ပေါက်ငုတ်တုပ်ထိုင်၊ ယက်တောင်ကြီးတစ်
ဖျတ်ဖျတ်ခတ်ရင်းတွေ့သမျှ လူ လိုက်ဝေဖန်တတ်
တဲ့ ကျောင်းဒကာမကြီးအားဖိုးထူး ဘယ်လိုတရား
ချရမှန်းမသိ။ အခုလည်း ကိုယ့်တူကို ထောင့်
မကျိုးဘူးဆိုပြီးဝေဖန်နေပြန်ပြီ။

"ထောင့်မကျိုးအောင် ကျုပ်ဘာလုပ်လို့လည်း...
အရီးရာ"

"ဘာလုပ်ရမှာလဲ...ဘာမှအသုံးမကျလိုပေါ့ဟဲ့။မင်း
ဒီအသက်အရွယ်ရောက်နေပြီ၊ ဘယ်မှာလဲ ရည်း
စား။အသုံးကျကျရည်းစားဘာလေးထား ပြီး
မြန်မြန်လက်ထပ်ယူ၊ငါတို့လည်း မြန်မြန်မြေးချီ
ရတာပေါ့"

ဖိုးထူးခေါင်းကိုတဗျင်းဗျင်းကုတ်လိုက်မိ၏။
ကိုဘီအေ မွှေထားခဲ့တဲ့ဂြိုလ်ကမသေးဘူးပဲ။
အားနေ သူ့ပဲဦးလာလာတိုက်နေတာ။ ရည်းစား
ထားရမှာလည်းသူပဲ။မိန်းမယူရမှာလည်းသူပဲ။
ကလေးမွေးပေးရမှာလည်းသူပဲ။မသိရင်မျိုးဆက်ပြန့်ပွားရေးအတွက်ဖိုးထူးခေါင်းပေါ် အလုံးစုံပုံချ
ထားသလားမှတ်ရတယ်။

"မတွေ့သေးလို့ပါဗျာ၊တွေ့ရင် အရီးကိုတင်တောင်း
ခိုင်းမယ်... ဟုတ်သလား"

"အေး...အေး...အခုသွားစရာရှိသာ မြန်မြန်ကြွ၊
ပြန်လာရင် မင်းအဘနဲ့ယာထဲလိုက်သွားပေး
ဦး"

"ဟုတ်...အရီး၊ ကျုပ်သွားပြီဗျာ"

ဖိုးထူး...ဝိုင်းထဲမှသုတ်ခြေတင်လှစ်ကနဲပြေးထွက်
သွားသည်။ဒေါ်မိုးခများမှာတော့...ထွက်သွားတဲ့
တူတော်မောင်နောက်ကျောကို ကြည့်ကာရတက်
မအေး။မျက်လုံးထဲ မြင်နေရတာ..

ရင်ငြိမ်းခက်ဝေWhere stories live. Discover now