11

211 27 1
                                    


ဓူဝံကြယ်ကိုလိုက်ရှာရင်း ဒုဓလီပန်းလေးတွေရဲ့အသက်ကို တွေ့လိုက်ရသလိုမျိုး ကျွန်မနဲ့ ဂျွန်လီနာ ဝိဥာဏ်တစ်ခုထဲပူးပေါင်းတဲ့နေ့ဆို ပိုပြိးမှန်လိမ့်မလား ။

" မောင် ဒီအနာတွေနဲ့ မောင်ဘယ်လိုအိပ်လို့ရပါ့မလဲ မောင်ဆေးခန်းသွားမလား ၂၄နာရီဆေးခန်းတွေတော့ရှိတယ် မဟုတ်လဲ တို့ရဲ့ family doctor ကို ဖုန်းဆက်ခေါ်လိုက်မယ်လေ "

ဆေးထိုးဆေးသောက်ရမှာတအားစိုးရိမ်တတ်လွန်းသော ကျွန်မချစ်သောမောင့်တွက် ဆေးရုံဆေးခန်းဆိုတာ သွားဖို့ရန် လွန်စွာ ခက်ခဲသော နေရာ ။

ကင်မ်ဘယ်ဟျွန်းဝိဥာဏ်ဝင်ရောက်လျက်ရှိသော ဂျန်းနီဟာ ဂျွန်လီနာတစ်ဖြစ်လဲ လာလီဆာကို မျက်နှာတစ်ချက်အငြိုးမခံပါ ။

" သိပြီမို့ မောင်မသွားချင်မှန်းတို့သိပြီမို့ ငြိမ်မနေတော့နဲ့နော် ၊ တို့ကမောင့်တွက် ဆန်ပြုတ်နွေးနွေးလေးပြုတ်ပေးမှာမို့ တို့ကျွေးတာကိုကုန်အောင်တော့စားမယ်မလား "

ခေါင်းတငြိမ့်ငြိမ့်နဲ့ လာလီဆာဟာလဲ ကင်မ်ဘယ်ဟျွန်းအသွင်တူလေးရဲ့စကားကို ဘယ်လိုမှမငြင်းပယ်နိုင်ပေ ။

" လိမ်မာတယ် ကျွန်မရဲ့မောင်က "

ခေါင်းလေးကိုခပ်ဖွဖွကိုင်ရင်း ဂျန်းနီသဘောကျရဆုံး ရွှေအိုရောင် ဆံနွယ်တွေကို ထိုးဖွလိုက်တော့ မောင်က သွားဖုံးလေးတွေပေါ်တဲ့ထိ မျက်လုံးလေးတွေမှိတ်ကြတဲ့ထိရယ်ပြလာသည် ၊ အဲ့လိုပင်တကယ်မောင်ဟာ ကျွန်မရဲ့သဲသက်ညှာလေး ။

ဒဏ်ရာအလူးအလဲနဲ့ ပြန်သွားတဲ့ ဘာမှမဆိုင်တဲ့ မေမေ့ရဲ့ အမည်ခံသားမက်ကြောင့် မေမေနဲ့ ဂျန်းနီရှင်းရပေဦးမည် ။

" အို အမေ့ "

ဆန်ပြုတ်အိုးကို ခပ်ဖြေးဖြေးမွှေရင်း အတွေးတွေက ဝင်နေတာမို့ မောင်နောက်ကရောာက်လာတာတောင် သတိမထားမိလိုက် ၊ မောင့်လက်ချောင်းရှည်တွေက ခါးကို တိုးကပ်ဝင်ရောက်လာတော့မှာ အယောင်ယောင်မှားမှားဖြင့် မောင့်လက်ချောင်းရှည်တွေကို ပြန်လည်ဆုပ်ကိုင်လိုက်မိသည် ။

ချစ်လှစွာသော ကြယ်တာရာOnde histórias criam vida. Descubra agora