အပိုင်း (၂၃)

2.1K 67 8
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၂၃)

ရန်ဖြစ်လိုက် ပြန်ချစ်လိုက် စိတ်ဆိုးလိုက် ပြန်ချော့လိုက် ... တစ်ခါတလေ ကိုကြီးက အိမ်ငယ် စိတ်ဆိုးနေတာပင်မသိပဲ အိမ်ငယ်ကလည်း မချော့လိုက်ရပဲ စိတ်ကောက်ပြေသွားရတဲ့ အခါတွေလည်း ရှိခဲ့၏ ...
ဒီလိုနဲ့ပဲ ကိုကြီးနဲ့ အိမ်ငယ်တို့ နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းလေးက ဒီနေ့ဆို တစ်နှစ်တိတိတောင် ပြည့်ခဲ့ပါပြီ ...
ဒါပေမယ့် အိမ်ငယ့်အတွက်ကတော့ ကိုကြီးနဲ့ ချစ်သူ‌ဖြစ်ခဲ့တာ မနေ့တနေ့ကလိုပဲလို့ ထင်ရပြီး ရင်ခုန်သံတွေကလည်း အမြဲလတ်ဆတ်နေခဲ့ပါသည် ...

ကိုကြီးနဲ့ ချစ်သူစဖြစ်ကတည်းက ချစ်သူသက်တမ်းကို အမြဲတွက်မှတ်ထားပြီး ပျော်နေခဲ့ရတာ ခုတော့ တစ်နှစ်တောင် ပြည့်သွားပြီတဲ့လား ...

အဲ့ကိစ္စနဲ့ ပတ်သတ်ပြီးလည်း မနေ့ညက ကိုကြီးကို စိတ်ကောက်လိုက်ရသေး၏ ...
အိမ်ငယ်ကသာ ကိုကြီးနဲ့ ချစ်သူသက်တမ်းဘယ်လောက်ရောက်ခဲ့ပြီဆို အမြဲတမ်းသတိတရရှိနေခဲ့ပေမယ့် ကိုကြီးကတော့ တစ်နှစ်ပြည့်တာတောင် မသိဘူးတဲ့လေ ...

မနက်ဖြန်ဆို ချစ်သူသက်တမ်းတစ်နှစ်ပြည့်တော့မှာမို့ အိမ်ငယ်က ပျော်နေရတော့သည် ...
အခုလည်း ကိုကြီး ဆေးရုံက ပြန်လာတဲ့ချိန် လမ်းထိပ်က ကော်ဖီဆိုင်လေးမှာ ကော်ဖီဒိတ်ကြခြင်းဖြစ်၏ ...
ကော်ဖီခွက်အဖြူလေးထဲသို့ ဇွန်းနဲ့ မွှေနေတဲ့ ကိုကြီးစိုက်ကြည့်ကာ ...

"ကိုကြီး "

အိမ်ငယ်က ခေါ်လိုက်ချိန်မှာတော့ မျက်လုံး‌‌လေးတွေ လှန်ကြည့်ကာ ထူးလာခဲ့၏ ...

"ဗျာ "

"မနက်ဖြန် ဘာနေ့လဲ သိလား ဟင် "

"ဟင် ဘာနေ့လဲ ... သောကြာနေ့လေ "
နာရီကို ငုံ့ကြည့်ကာ ဖြေလာတဲ့ ကိုကြီးအဖြေကြောင့် အိမ်ငယ် အလိုမကျဖြစ်သွားရတော့သည် ...

"ဘာ‌ သောကြာ နေ့လဲ ... အဲ့နေ့ကို မေးတာမှမဟုတ်တာ "

"ဟင် ချာတိတ်ပဲ ဘာနေ့လဲဆို "

"ကျစ် ... ကိုကြီး အိမ်ငယ် စိတ်တို‌လာပြီနော် ... ဘာနေ့မှန်းကိုကြီး တကယ် မသိဘူးလား "
နှုတ်ခမ်းလေးကိုက်ကာ ဆူပုတ်ပုတ်လေးနှင့် ပြောလိုက်တော့ ...

🦋မိန်းကလေးအချစ်ပါ🦋حيث تعيش القصص. اكتشف الآن