အပိုင်း (၁၇)

1.8K 67 12
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၁၇)

ဒီနေ့ ကိုကြီးပြန်လာမှာမို့  ညနေလောက်မှ ရောက်မှာပေမယ့် နေ့လည်တည်းက ကိုကြီးအိမ်မှာ သွားစောင့်နေလိုက်၏ ...

မေမေသက်နဲ့ စကားတပြော‌ပြောနှင့် ညနေစောင်းသွားကာ အိမ်ရှေ့က ကားသံလေးကြားရတော့ ရင်တွေ ခုန်သွားရကာ လှမ်းကြည့်လိုက်မိတော့ ကိုကြီးရဲ့ကားဖြူလေးပင် ...

အိမ်ငယ်ရော မေမေသက်ပါ အိမ်ရှေ့အမြန်ထွက်ခဲ့ကြပြီး ...

"ကိုကြီး ပြန်ရောက်ပြီလား "

"အွန်း "

ကိုကြီးကားပေါ်ကနေ အထုပ်တွေချလာတာကြောင့် အိမ်ငယ်‌လည်းဝိုင်းသယ်ပေးကာအိမ်ထဲဝင်ခဲ့လိုက်ကြ၏ ...
အထုပ်တွေ ချပြီး water cooler နားပြေးကာ ရေတစ်ခွက်ခပ်ပြီး ကိုကြီးကို ပေးလိုက်သည် ...

"ကိုကြီး ရေသောက် "

"အွန်း ... လိမ္မာတယ် "

ကိုကြီးက ခရီးပမ်းလာတာကြောင့် ခဏနားပြီး ရေတက်ချိုးတာကြောင့် အိမ်ငယ်လည်းပြန်ခဲ့လိုက်တော့သည် ...
လွမ်းနေရတဲ့ ကိုကြီးမျက်နှာကိုလည်း တွေ့ခဲ့ရပြီလေ ...
အိမ်ငယ့်ကိုကြီးက ဘယ်အချိန်ကြည့်ကြည့်ကို သဘောကျစရာကြီးပါလေ ...
.........

ဒီနေ့ အိမ်ငယ့် မွေးနေ့ဖြစ်တာကြောင့် သူငယ်ချင်းတွေအားလုံးနှင့် ကိုကြီးကို တရားဝင်မိတ်ဆက်ပေးပြီး ဆိုင်တစ်ဆိုင်မှာ မွေးနေ့ပွဲကျင်းပမှာဖြစ်ပြီး ကိုကြီးကိုလည်း မ‌ေန့ညကတည်းက  ပြောထားလိုက်သည် ...

"ကိုကြီး "

"ဗျ "

"ဟီး ထူးတာလေးက ချစ်စရာလေး "

"ဟောဗျာ "

"အဟီး အဲ့တာကြောင့် ချစ်နေရတာ "

"ချာတိတ်မနဲ့တော့ ခက်နေပါပြီကွာ အဲ့တာတွေက ယောက်ျားလေးက ပြောရတာလေ "

"ဘယ်သူပြောပြောပေါ့ ... ကိုကြီးက တကယ်ချစ်စရာကြီးကို "

"ဟုတ်ပါပြီဗျာ "

"ကိုကြီးကို ပြောစရာရှိလို့ "

"အွန်း ပြောလေ "

"မနက်ဖြန် အိမ့်ငယ်မွေးနေ့လေ ... အဲ့တာ ကိုကြီးကို အိမ်ငယ့်သူငယ်ချင်းတွေအားလုံးနဲ့ တရားဝင်မိတ်ဆက်ပေးချင်လို့ "

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now