အပိုင်း (၂၀)

2.1K 71 6
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၂၀)

ကိုကြီးရဲ့ စိတ်ထဲမှာ အိမ်ငယ်က ရှိမနေခဲ့ပဲ တစ်ချိန်လုံး သူရည်းစားဟောင်းကို မမေ့နိုင်ခဲ့တာလား ...
အချစ်ဦးကို မြေးဦးရတဲ့အထိ ‌မမေ့ဘူးဆိုတဲ့စကားက သိပ်မှန်တာပဲ
ခေါ်တဲ့ အခါ်အဝေါ်ကတောင် ခုထိ မ တဲ့လား ...
အခု အိမ်ငယ်က အစားထိုးခံနေရတာလား ...

"ကိုကြီး "

"ဟင် "

"သူ့ကို ကိုကြီးမမေ့နိုင်သေးဘူးလားဟင် ... အိမ်ငယ့်ကို ကိုကြီး ချစ်ရော ချစ်ရဲ့လား "
ရင်နာနာနဲ့ မေးလိုက်ရပါ‌ေပမယ့် ကိုကြီးဆီက ထွက်လာမယ့်အဖြေကိုရော အိမ်ငယ် နားထောင်နိုင်စွမ်းရှိပါ့မလား ...

"ချာတိတ်ကလည်းကွာ ... ဒီတိုင်းပဲ ရုတ်တရတ်မို့ မှားသွားတာပါ ... ကိုယ့်ကို မရစ်ပါနဲ့တော့ကွာ နော် "

"ကိုကြီး စိတ်ထဲမှာ ဒါကို ရစ်တယ်လို့ထင်နေတာလား "

အိမ်ငယ် ဒီတစ်ခါတော့ ကို‌ကြီးကို ဒေါသထွက်သွားမိပါသည် ...
ဒါကို အိမ်ငယ်က ရစ်တာတဲ့လား ...

"မဟုတ်ဘူးလေကွာ ချာတိတ်ကလည်း ဘာမှမဟုတ်တာလေးကို ..."

"ဘာမှ မဟုတ်တာလေးတဲ့လား ... အဟမ့် "

ရင်ထဲက လှိုက်တက်လာတဲ့ ဝမ်းနည်းမှုတို့ကို ဖုံးကွယ်ဖို့ မဲ့ပြုံးတစ်ခု တပ်ဆင်လိုက်ပါသည် ...
အိမ်ငယ်ဘယ်လောက်နာကျင်ရလဲဆိုတာ အိမ်ငယ့်နေရာမှ ဝင်မခံစားဖူးတာ ဘယ်နားလည်နိုင်ပါ့မလဲ ...

"ချာတိတ်ကလည်း အဲ့လောက် ကလေးမဆန်ပါနဲ့ကွာ မ 'ကလည်း အခု သူ့မိသားစုနဲ့ သူဖြစ်နေပြီလေ"

"ဟုတ်တယ် အိမ်ငယ်က ကလေးဆန်နေတာ ... ကိုကြီးလို ဒေါက်တာကြီးတစ်ယောက်မဖြစ်သေးတော့ မရင့်ကျက်သေးဘူးလေ ... ကိုယ့်ချစ်သူက ရည်းစားဟောင်းကို မမေ့နိုင်တာကို ပြုံးပြုံးကြီးလက်ခံပေးနိုင်တဲ့အထိ အိမ်ငယ် သဘောမကြီးနိုင်သေးဘူး ... မဟုတ်ဘူး အဲ့လောက် အဲ့လောက် သဘောကြီးဖိုါဆိုတာ ဖြစ်နိုင်မှာ မဟုတ်ဘူး ... အဲ့တော့ အိမ်ငယ်တို့ လမ်းခွဲလိုက်တာပဲ အကောင်းဆုံးဖြစ်လိမ့်မယ် ... အိမ်ငယ်တို့ လမ်းခွဲကြရအောင် ကိုကြီး "

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now