Epilogue (3)

50 9 4
                                    

Epilogue (3)

Renjun အသက်၁‌၅နှစ်။ တစ်နှစ်မှ တစ်ခါလောက်ပဲ အလည်လာတတ်တဲ့ Lee Jenoရဲ့ဦးလေးဖြစ်သူရဲ့ မိသားစုက ထူးထူးခြားခြား အီအိမ်တော်မှာ အကြာကြီးနေခဲ့တဲ့အချိန်ကာလတစ်ခု။Renjunရဲ့ ပန်းသီးလေးမိန်မိန် ဗိုက်ထဲကနေ ထွက်လာခဲ့တဲ့အချိန်။Renjunမှာတော့ဖြင့် ညီမငယ်လေးကို ကြည့်ပြီး ချစ်လို့မဝနိုင် သူ့လက်ညှိုးလေးကိုကိုင်ထားတဲ့လက်သေးသေးလေးကို အူယားလို့မဆုံး။Renjunအသံကိုကြားတိုင်း တအဲအဲ အသံပြုတတ်တဲ့ ကလေးလေးကို အမြဲတမ်းအသံပြုပြီး ချော့မြူတာဟာ အကျင့်လိုဖြစ်နေပြန်တယ်။

"အကို ကျွန်တော်တို့ကတိပေးထားတယ်မို့လား ကျွန်တော်တို့အချင်းချင်း ဒီလိုမလုပ်ကြရအောင်"

"ငါကရပိုင်ခွင့် လုပ်ပိုင်ခွင့်ကို တောင်းရုံတင်ပဲ မင်းဘက်က လောဘလျော့လိုက်ရင် အဆင်ပြေပြီ"

"အကို့လုပ်ပိုင်ခွင့်က ကျွန်တော့်ပိုင်ဆိုင်မှုတွေအပေါ် သက်ရောက်မှုရှိတယ်တဲ့လား မိဘတွေခွဲဝေပေးထားပြီးသားအမွေတွေပဲလေ ကျွန်တော်တို့ ‌ကိုယ့်အပိုင်းနဲ့ကိုယ်နေရအောင်"

ဧည့်ခန်းထဲက အဖေနဲ့ဦးလေးဖြစ်သူရဲ့ စကားအချေအတင်ပြောမှုကြောင့် ကစားနေတဲ့ Jenoက ဘေးနားကနေသူ့ဂိမ်းစက်ကို လာကိုင်တဲ့ Lee Donghyuck ဆိုတဲ့ကလေးကို မကျေနပ်အကြည့်တွေနဲ့ကြည့်လိုက်မိသည်။မကျေနပ်ဆို Jenoအဖေက နှစ်တိုင်းဦးလေးဖြစ်သူတို့မိသားစုအိမ်အလည်လာရင် စိတ်မကြည်ပဲ Jenoကို ရန်ရှာတတ်သည်။ဆူပူကြိမ်းမောင်းတတ်သည်။စည်းကမ်းတွေပို၍တင်းကျပ်တတ်သည်။အဲ့ဒါအပြင် ကောနဲ့တွေ့ခွင့်ကိုပါ ပိတ်သည်။လူကြီးတွေဖြစ်ပျက်နေတဲ့ပြဿနာတွေမှာ ကလေးတွေက မြေစာပင်ဖြစ်ရသည်။

ပိုဆိုးတာက ဟွမ်းကောကောက ရှောင်းမိန်မိန်လေး မွေးပြီးကတည်းက Jenoဆီကို သိပ်မလာတော့။အခုရက်ပိုင်းတွေများဆို ဟွမ်းအိမ်တော်ကနေတောင် ထွက်မလာတော့။ပြောတော့ ကောရဲ့Jenoကို ပစ်မထားပါဘူးပြောပြီး သစ္စာဖောက်သွားပုံများ။

"မကိုင်နဲ့ ငါ့ပစ္စည်းတွေ ငါ့အပိုင်တွေ"

Lee Donghyuck ဟာ ဘယ်အချိန်ပဲကြည့်ကြည့် အခုလိုမျက်နှာငယ်လေးနဲ့ အားနွဲ့နေတတ်တဲ့ပုံစံ။Jeno မကြိုက်လိုက်တာ။Jenoဘက်ကနေ သူ့အပေါ် ဆူပူကြိမ်းမောင်းနေပေမယ့် တစ်ဖက်Donghyuckကတော့ ဘာမှပြန်မပြောဘဲ မျက်လွှာချပြီးပဲနေတာမို့ Jenoပဲ အချိန်တိုင်း လူဆိုးဖြစ်ရတယ်။အပြစ်ရှိစိတ်ခံစားရပြန်တယ်။

INTO THE UNKNOWN जहाँ कहानियाँ रहती हैं। अभी खोजें