INTO THE UNKNOWN (2)

78 13 0
                                    

INTO THE UNKNOWN (2)

ပါတီပွဲရဲ့ ထောင့်တစ်နေရာမှာ အနက်ရောင်suitဝတ်ထားတဲ့လူတစ်ယောက်က အလင်းရောင်ကို ကွယ်လို့ရပ်နေတယ်။ခနကြာတော့ earphone ကနေ အမိန့်ပေးသံထွက်လာတယ်။

" Plan Aအတိုင်း လူလွှတ်လိုက်ပြီ သေနတ်မှာ ကျည်ဆံအပြည့်ဖြည့်ထားပြီး အသင့်နေပေးပါ"

အမိန့်ရပြီးတာနဲ့ Haechan က သေနတ်ကိုတစ်ချက်စစ်ပြီး earphone ကို ပိတ်လိုက်တယ်။‌လူတွေရှုပ်နေဆဲ့ ပါတီအလယ်ကို အမူအရာမပျက် လျှောက်သွားလိုက်တယ်။

"အာ ငါအနားယူချင်နေပြီကို ပြန်လို့မရသေးဘူးလား"

ဝဝတုတ်တုတ် ဘော်ဒီဂတ်ကို အတင်းတောင်းဆိုနေ‌တဲ့အသံကြားတော့ Haechan ရဲ့ ခြေလှမ်းတွေက နှေးသွားတယ်။

"ဟိုမှာကြည့် Lee Jenoကကျ ကောင်မလေးတွေနဲ့ပျော်ပါးပြီး ငါကကျ တစ်ယောက်ထဲ နေရတယ် မပြန်စေချင်ရင် ငါ့အတွက်လဲ အဖော်ရှာပေး"

"Jakeက သခင်လေးအနားမှာ ဘယ်သူမှမရှိစေဖို့ မှာထားလို့ပါ"

သခင်လေး ဆိုတဲ့စကားလုံးမှာ Haechan က အပေါ်နှုတ်ခမ်းကို ပင့်တင်လို့ရယ်လိုက်တယ်။Lee Jeno ရဲ့ ပိုးလိုဥထားတဲ့သခင်လေးဆိုတာ သူပေါ့လေ။
စိတ်မကောင်းစရာပဲ။ဒီနေ့က Lee Jeno ရဲ့နောက်ဆုံးနေ့ဖြစ်သွားတော့မှာ။

Haechan ကတစ်ချက်ပြုံးလို့ ခြေလှမ်းတွေကို ဆက်လိုက်တယ်။

"ဟာ ဘာလို့ဒီအရက်ခွက်လေးတွေက သေးသေးလေးတွေဖြစ်နေရတာလဲ"

Haechan က ပွစိပွစိပြောသံကို လျစ်လျူမရှုနိုင်တာမို့ ဝိတ်တာယူလာတဲ့ဗန်းထဲက အကြီးဆုံးခွက်ကို ယူပြီး သခင်လေးဆိုသူရှေ့ ချပေးလိုက်တယ်။ပြီးတော့ သူတာဝန်ကျရာ အမှောင်ရိပ်မှာ မက်တပ်ရပ်စောင့်နေလိုက်တယ်။

ဘာအရသာမှန်းမသိတဲ့ အစိမ်းရောင်အရက်ခွက်ကို သောက်ပြီး မျက်နှာဟာမဲ့ရှုံ့သွားလိုက်ပုံများ သူ့ကိုယ်သူ သုံးနှစ်သားကလေးများမှတ်လေသလား။
တစ်ယောက်ထ‌ဲ ထိုင်ပျင်းနေတဲ့ Huang Renjunဆိုတဲ့သခင်လေးက Haechan အာရုံထဲ ခနခနဝင်ဝင်လာတယ်။နှုတ်ခမ်းကိုထော်လိုက် ပါးကိုဖောင်းလိုက် အင်္ကျီကိုပြင်လိုက်နဲ့ လူတွေအများကြီးအလယ်က လမ်းပျောက်နေတဲ့ကလေးလိုပဲ။လာနှုတ်ဆက်သူတိုင်းကို ဖော်ရွေတဲ့အပြုံးနဲ့ပြန်လည်နှုတ်ဆက်နေပုံက စီးပွားရေးဆန်ဆန်ပင်။

INTO THE UNKNOWN Where stories live. Discover now