INTO THE UNKNOWN

143 11 2
                                    

INTO THE UNKNOWN

"Lee" မျိုးနွယ်စု အိမ်တော်။
ခမ်းနားမှုအပြည့်နဲ့ အိမ်ကြီးရဲ့အရှိန်အဝါဟာ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်သူမင်းနေထိုင်ရာ နန်းတော်ကြီးအလား။
ကျယ်ပြန့်လှတဲ့ ဝရံတာမှာတော့ အရှင်သခင်က ဝိုင်တစ်ခွက်နဲ့ လမင်းကို ရှုစားနေတယ်။

ခြံရဲ့အကျယ်ဟာ မြို့တစ်မြို့လောက် တည်ထားလို့ရတဲ့ အနေအထားပင်။
ခြံရဲ့အလယ်မှာတော့ စက်ဝိုင်းပုံစံကိုအခြေထားတဲ့ ငွေငန်းရုပ်နဲ့ အလှဆငိထားတယ်။စိုက်ပျိုးထားတဲ့ပန်းပင်တွေကလဲ သက်တန့်တစ်စင်းရဲ့ ရောင်စဉ်ခုနစ်သွယ်လို အပြိုင်ဖူးပွင့်နေကြတယ်။

ဂိတ်ဝကနေအစ စောင့်ကြပ်နေတဲ့ လုံခြုံရေးဝန်ထမ်းတိုင်းဟာ အနက်ရောင် suitအပြည့်ဝတ်ဆင်ထားပြီး airpodတွေနဲ့တစ်ဆင့်အချင်းချင်းဆက်သွယ်နေကြတယ်။ပုံမှန် အစောင့်တွေထက် အနည်ငယ် လျော့ပါးနေသည့်အလျောက် အဓိက ဇာတ်ကောင်ဟာလဲ ပျောက်ဆုံးနေတယ်။

အချိန်အားဖြင့် ည၉နာရီ။ညလို့မထင်ရလောက်အောင် ခြံတစ်ဝိုင်းလုံးဟာ လင်းလက်နေတယ်။အိမ်တော်ကြီးရဲ့ အရှင်သခင်ကတော့ လအရောင်အောက်မှာပဲ ဝိုင်ခွက်ကို အသာလှည့်လို့ တစ်ငုံချင်းစီ အရသာခံသောက်နေတယ်။
သူ့ဘဝမှာ ဒီအချိန်က ပျော်နေသင့်တဲ့အချိန်လို့ထင်ခဲ့မိတယ်။
ဘာလို့လဲ။သူက ဒီအိမ်တော်ရဲ့ တစ်ဦးတည်းသော အရှင်သခင်။
တစ်စုံတစ်ယောက်ဟာလဲ သူ့ဆီမှာပဲ ခစားသင့်တယ်။သူ့အနားမှာပဲရှိသင့်တယ်။ထိုလူသားရဲ့ပိုင်ရှင်ဟာ သူပဲ။

ကော က ဆိုးလိုက်တာ။သူတစ်ယောက်လုံးရှိရဲ့သားနဲ့ ဘာလို့ တစ်ခြားသူကို ရွေးချယ်ခဲ့တာလဲ။ငယ်ငယ်ကနေ အခုအရွယ်ထိ ကော ရဲ့အလိုကိုလိုက်ခဲ့တာက သူတစ်ယောက်ပဲ ရှိခဲ့တာကို။

အတွေးနဲ့အတူ နှုတ်ခမ်းတစ်ဖက်က ကော့တက်သွားတယ်။

ဒါပေမယ့် ဘယ်လိုလုပ်မလဲ ဟွမ်းကောကော။အခု ကောက ကျွန်တော့်အပိုင်ပြန်ဖြစ်တော့မှာ။‌ေကာပျော်ရဲ့လား ကျွန်တော်ကတော့ ပျော်လွန်းလို့ အသံထွက်တဲ့အထိ ရယ်မိတယ်လေ။


ထို့နောက် တစ်ဝက်လောက်ထည့်ထားတဲ့ ဝိုင်ခွက်ကို တစ်ကျိုက်တည်း အကုန်သောက်ပစ်လိုက်တယ်။

INTO THE UNKNOWN Where stories live. Discover now