Arc 4.5

368 43 7
                                    

ကျောက်စဲ့စဲ့မှာတုန်လှုပ်ကာ
"အရှင်မင်းကြီး ကျွန်တော်မျိုးမခနတာစိတ်လွှတ်သွားတာပါကျွန်တော်..ကျွန်တော်မျိုးမကိုခွင့်လွှတ်ပါ"
ဝမ်ရိရှင်းမှာဇာတ်လိုက်မရဲ့မျက်ရည်တွေကိုမြင်လိုက်သောအခါသူ့ရဲ့ရင်ဘက်ကိုအပ်နဲ့ထိုးသလိုနာကျင်ရသည်။သူ့ရင်ဘက်ကနာကျင်မှုကိုလျစ်လျုရှူလိုက်ပြီးခါးသက်သက်ရယ်မောလိုက်သည်

"ကျန်းမင်းအပေါ်မကောင်းလို့ဒီလိုလုပ်တာလား
လုံလောက်အောင်မကောင်းခဲ့လို့လား၊ဘာလို့ကျန်းကိုဒီလောက်မုန်းတီးနေရတာလဲ"
ဒါတွေကမူလပိုင်ရှင်မေးချင်နေတဲ့စကားတွေပင်
"ကျွန်တော်..မျိုးမခနတာအသိစိတ်လွှတ်သွားတာပါ
ကျွန်တော်မျိုးမကိုယုံကြည်ပေးပါနော်"
"ကျောက်မိဖုရား ကိစ္စတွေကဒီလောက်တောင်ဖြစ်ပြီးသွားပြီ ဘာလို့ဆက်ဟန်ဆောင်ဆောင်နေအုန်းမှာလဲ မပင်ပန်းသေးဘူးလား"
ကျောက်စဲ့စဲ့မှာစိတ်လွှတ်သွားသလိုရီချလိုက်သည်။မျက်ရည်တွေဟာသူမပါးပြင်ပေါ်မှာစီးချလာသည်။ဒူးထောက်နေရာမှထလာပြီးမျက်ရည်တွေကိုသုတ်လိုက်ကာမော်ကြွားစွာနဲ့ဝမ်ရိရှင်းကိုစိုက်ကြည့်ကာ
"ဘာလို့လဲ ဟုတ်လား သိပ်ရီရတာပဲ
ရှင်ပြောရဲလား ကျွန်မအပေါ်ကောင်းခဲ့တာတွေကစိတ်ရင်းနဲ့လား ဒါမှမဟုတ်လိပ်ပြာမသန့်ခဲ့လို့လား
ရှင်အမဲလိုက်ပွဲမှာမြားနဲ့ပစ်ခံရတုန်းကကျွန်မအဖေရှင့်ဆရာကအစားဝင်ခံပေးခဲ့တယ် အမေကလဲအဲ့စိတ်နဲ့သေခဲ့ရတယ် ရှင်ကအဲ့အကြွေးတွေကြောင့်ကျွန်မပေါ်ကောင်းပေးခဲ့တာ"
ကျောက်စဲ့စဲ့ရဲ့မျက်ဝန်းတွေထဲကနာကျင်မှုတွေကိုဝမ်ရိရှင်း‌မြင်‌ရသည်။ဒါတွေကတကယ့်ကိုကျောက်စဲ့စဲ့အပေါ်မှာတင်နေခဲ့တဲ့အကြွေးတွေပင်။ဒါပေမဲ့ကျောက်စဲ့စဲ့အပေါ်ထားခဲ့တဲ့စိတ်ရင်းကတော့အမှန်တွေပင်

သူ့ညီမလေးတစ်ယောက်လိုအတက်နိုင်ဆုံးကာကွယ်ပေးခဲ့သည်။နန်းတော်ထဲမှာလည်းဘယ်သူမှအနိုင်မကျင့်ရဲအောင်စောင့်ရှောက်ပေးခဲ့သည်။ဝမ်ရိရှင်းဟာကျောက်စဲ့စဲ့အနီးနားသို့လျှောက်ကာ
"ပြီးခဲ့အတိတ်တွေကပြန်မပြင်နိုင်ဘူးဆိုတာကျန်းသိတယ်။ကျန်းဆရာကကျန်းကိုကယ်ရင်းသေသွားခဲ့ရတယ်။သူမသေခင်သူ့မိသားစုကိုစောင့်ရှောက်ဖို့ကျန်းကိုမှာသွားခဲ့တယ်။သူကတိအတိုင်းကျန်းစောင့်ရှောက်ပေးခဲ့တယ်၊ဒါပေမဲ့ကျန်းစိတ်ထဲမှာဒါက ကတိထက်ကို ကျန်းကိုယ်တိုင်လိုလိုလားလားနဲ့စောင့်ရှောက်ပေးချင်မိတာ ကိုယ့်ညီမလေးတစ်ယောက်လို ကိုယ့်မိသားစုလို"

System WhiteWhere stories live. Discover now