Arc 2.6

2.4K 204 8
                                    

Unicode

ထန်ရိမင်မှာကောင်လေးရုတ်တရက်မျက်ရည်တွေဝိုင်းနေပြီးသူ့ကိုကြည့်နေတာတွေ့လိုက်ရတော့သူဘာတွေများမှားပြောမိတာလဲလို့တွေးနေမိသည်၊ကောင်လေးသူ့ကြောင့်စိတ်ထိခိုက်သွားမှာကိုသူမလိုချင်ပေ၊
"ကောင်လေးဘာဖြစ်လို့လဲ ကိုယ်စကားပြောမှားမိသွားလို့လား..ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်ကိုယ်ကောင်လေးစိတ်ဆိုးသွားအောင်ဘာများလုပ်မိသွားလိုလဲကိုယ့်ကိုပြောပါ ကိုယ်နောက်ထပ်တစ်ခါထပ်မလုပ်တော့ပါဘူး"
ပိုင်လင်မှာwhiteပြောပြလိုက်တဲ့သတင်းကြောင့်အပျော်လွန်သွားပြီးလက်ရှိဖြစ်နေတဲ့ကိစ္စအားလုံးကိုမေ့သွားသည်၊ထန်ရိမင်စကားလာပြောမှသူ့အတွေးတွေပြတ်သွားသည်

"ဘာမှမဖြစ်ပါဘူးကျွန်တော်အတွေးလွန်သွားလို့ပါ
ဟိုမိန်မိန်ပြောသလိုပဲဒီမှာပဲနားကြတာပေါ့"
ပိုင်လင်လည်းအနီးနားသစ်ပင်မှာနားဖို့ပြင်လိုက်သည်
ခနကြာတော့ပိုင်လင်ပြန်ထလာပြီးထွက်သွားဖို့ပြင်လိုက်တော့သူ့လက်ကောက်ဝတ်ကိုတယောက်ယောက်ကလာကိုင်သည်၊လက်ကိုင်တဲ့သူကတော့သေချာပေါက်ထန်ရိမင်ပဲပေါ့၊ဘာလို့သူ့ကိုလက်လာကိုင်တာလဲသူသိတာပေါ့၊

"ကျွန်တော်အစားအစာသွားရှာမလို့ပါ၊ခင်ဗျားတို့လည်းပင်ပန်းနေတာကျွန်တော်သိတယ်၊အဲ့ဒါကြောင့်နားနေလိုက်တော့ခနနေရင်ပြန်လာခဲ့မယ်"
"ငါတို့ကြောင့်မင်းခုလိုပင်ပန်းနေတာကိုငါကဘယ်လိုလုပ်နားနေနိုင်မှာလဲပြီးတော့..."

ပိုင်လင်မှာထပ်မပြောပဲမျက်နှာနီလာပြီးလက်ပင်းကိုလက်နဲ့ပွတ်နေတဲ့ထန်ရိမင်ကြောင့်သူရှက်နေတာကိုသိလိုက်သည်၊သူ့ရဲ့ရှက်နေတဲ့အပြုအမှုလေးကြောင့်ပိုင်လင်ရင်ထဲကြောင်လေးလက်သည်းနဲ့ကုတ်‌
‌ေနသလိုခံစားနေရသည်၊ပိုင်လင်ကရှေ့တိုးလာပြီးထန်ရိမင်မျက်နှာရှေ့ခေါင်းတိုးလာပြီးသူ့မျက်လုံးကိုတည့်တည့်ကြည့်လိုက်ပြီး
"ပြီးတော့ ဘာလဲ..ပြောလေ"

ထန်ရိမင်မှာနီးကပ်လာတဲ့ကောင်လေးမျက်နှာကိုကြည့်မိနေမိသည်၊သူ့မျက်လုံးတွေမှာအညို့ခံနေရသလိုကောင်လေးရဲ့မျက်လုံးတွေကိုကြည့်နေမိပြီး
"ကိုယ်မင်းကိုစိတ်မချဘူး ကိုယ်စိတ်ပူတယ်"

System WhiteWhere stories live. Discover now