Chapter 104🐍

465 102 0
                                    

🐍Chapter 104

အစီအစဥ်တစ်ခုကို လျှင်မြန်စွာ ပြောင်းလဲ၍မပေ။ ထိုစာကြောင်းက အလွန်နားလည်လွယ်သော စာကြောင်းဖြစ်သည်။ မော့လောင်တ၏မူလအစီအစဉ်မှာ ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်း၏အိမ်တွင် တစ်ညအိပ်ကြပြီး နောက်တစ်နေ့အစောပိုင်းတွင် ယင်ရှောင်ရှောင်း မိသားစု၏အိမ်သို့ အမြန်သွားကြမည်ဖြစ်သည်။ သို့သော် မအိပ်လိုက်ရသည့်အတွက် နောက်တစ်နေ့တွင် အိပ်ရန် တစ်ရက်ထပ်နေခဲ့ရသည်။ နေ့ခင်းဘက် နိုးလာပြီးနောက် ယင်ရှောင်ရှောင်း၏ တစ်ကိုယ်လုံး အားနည်းနေသေးသည်။ မော့လောင်တသည် ယင်ရှောင်ရှောင်း အတွက် နာကျင်စွာ ခံစားရပြီး နောက်ထပ် တစ်ညနေရန် မှတပါး ရွေးချယ်စရာ မရှိပေ။ ထို့ကြောင့် မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့သည် ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်း ၏အိမ်မှ ထွက်ခွာသွားသည့်အချိန်က သုံးရက်မြောက်နေ့၏ နံနက်စောစော ဖြစ်နေပြီဖြစ်သည်။

“အခုချိန်ကစပြီး မင်းက လူသားတွေလုပ်ထားတဲ့ဟာတွေ မစားနဲ့တော့... သူတို့ရဲ့ ပစ္စည်းတွေက စားဖို့ မသင့်တော်ဘူး... ဒီတစ်ခါက ဗိုက်ပဲနာတာ... ဒါပေမယ့် နောက်တစ်ခါ ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ...."

မော့လောင်တက ယင်ရှောင်ရှောင်းကို သူ့နောက်ကျောပေါ်တွင် ထမ်းထားရင်း စိတ်အားထက်သန်စွာဖြင့် တကျည်ကျည်လုပ်နေသည်။ မော့လောင်တသည် ယင်ရှောင်ရှောင်းနှင့် တွေ့ဆုံပြီးကတည်းက သူ့ဒေါသကို ပို၍ထိန်းနိုင်လာသည်ဟု ခံစားမိသည်။

မော့လောင်တ၏ ကျောပြင်ပေါ်တွင် လဲလျောင်းနေသော ယင်ရှောင်ရှောင်း သည် ခဏကြာအောင် တိတ်ဆိတ်နေပြီးမှ မော့လောင်တ ကို မစောင့်နိုင်တော့ဘဲ ယင်ရှောင်ရှောင်း က သူ့အမြီးဖြင့် ထိုးလိုက်သည်။ အင်တင်တင်ဖြစ်နေပြီး ယင်ရှောင်ရှောင်း ကပြောလိုက်သည်။

"ရပါပြီ..."

တကယ်တွင် ယင်ရှောင်ရှောင်း မော့လောင်တကို ကတိမပေးချင်ခဲ့ပေ။ ယခုတခေါက် ကိတ်မုန့်ဝိုင်းစားပြီး ဗိုက်နာခြင်းက အရေးမကြီးဘူးဟု သူထင်ခဲ့သည်။ သူ မြွေတစ်ကောင် ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now