အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

434 76 8
                                    

"မိန်းကလေး ပိုင်လီ"ဟုပိုင်လီချင်းမြောင်အား
ကျုန်းလီချန်း ညင်သာစွာခေါ်လိုက်ပြီး
"မင်းအခုချိန် ဘယ်လိုပဲခံစားရ ခံစားရ
ကျွန်တော် မပိတ်ပင်ပါဘူး။ပျော်ရွှင်မှုပဲဖြစ်ဖြစ်၊ပူဆွေးမှုပဲဖြစ်ဖြစ် မင်းနဲ့အတူ
လိုက်ခံစားပါ့မယ်။

ကျုန်းလီချန်းဟာ ဝမ်းနည်းပက်လက်
ခံစားရဖို့ပြင်ဆင်ထားသော်ငြား
ခဏကြာသွားတာတောင်မှ
နှလုံးသားက တည်ငြိမ်နေဆဲပင်။
ပိုင်လီချင်းမြောင်အား သူမယုံနိုင်စွာ
ကြည့်လိုက်မိသည်။

"ထူးဆန်းလိုက်တာ..."ပိုင်လီချင်းမြောင်
သူ့နှလုံးသူလက်ဖြင့် ဖိပြီးပြောလာသည်။
"ကျွန်မဝမ်းနည်းနေသင့်တာလေ။
ဒါပေမဲ့ ဘာလို့ဘာမှကိုမခံစားရတာလဲ။
မိန်းကလေးရှူနဲ့ပတ်သက်ပြီး
အရင်ကတည်းက သံသယရှိနေခဲ့တာ။
ကျွန်မ ဂိုဏ်းတူအစ်ကိုနဲ့လမ်းခွဲပြီး
ကိုယ့်လမ်းကိုယ် ဆက်လျှောက်ဖို့လည်း
ဆုံးဖြတ်ထားခဲ့တာ။ဂိုဏ်းပေါင်းစုံစစ်ပွဲမှာ
သူဒဏ်ရာရတာကိုတွေ့တော့
ဆုံးဖြတ်ထားခဲ့တာတွေကို မေ့သွားကော။
ဂိုဏ်းတူအစ်ကို ဂိုဏ်းတူညီမလုကို
လက်ထပ်တော့စွန့်လွှတ်ချင်လာပြန်ကော။ဒါပေမဲ့ အခုကျဂိုဏ်းကိုပြန်သွားပြီး
သူ့ကိုတွေ့မိမယ်ဆိုရင်
အရင်လို ပြန်စွဲလမ်းသွားဦးမှာပဲ။"

"ဟုတ်တယ် တော်တော်ထူးဆန်းတယ်။"ဟု
ရှူယန့်ယန့်ပြောလိုက်သည်။
ပိုင်လီချင်းမြောင်၏ပါးပြင်မှ မျက်ရည်ကို
သုတ်ပေးနေသော သူ့လက်သူ
ပြန်ရုပ်သိမ်းလိုက်သောအခါတွင်
ဂရုဏာအပြည့်မျက်နှာမှ
ဘာကိုမှ ဂရုမစိုက်သည့်နတ်ဆိုးဂိုဏ်း
စောင့်ရှောက်သူ အဖြစ်သို့
ရှူယန့်ယန့် ပြန်ပြောင်းလဲသွား၏။

"အရှင့်မှာ ကျွန်မကိုပေးဖို့ အမိန့်ရှိပါသေးသလား။"
ဟုဝမ်ရန်အယ်အားကြည့်ရင်း
ရှူယန့်ယန့်ပြောလိုက်၏။

"မရှိတော့ဘူး။"ဝမ်ရန်အယ်ဟာ
ရှူယန့်ယန့်အား
"မင်းအခုထွက်သွားလို့ရပြီ။"ဟူသည့်
အဓိပ္ပာယ်အပြည့်ပါသည့်
အကြည့်တစ်ချက်ပေးလိုက်သည်။

သူရှူယန့်ယန့်အားခေါ်ရခြင်းမှာ
ဟယ်ဝမ့်ချောင်လုပ်ရပ်တွေကို
ပိုင်လီချင်းမြောင်အား သဘောပေါက်
သွားစေချင်လို့ပင်။ရည်ရွယ်ချက်
ပြည့်မြောက်သွားပြီဖြစ်သဖြင့်
ရှူယန့်ယန့်အား မလိုအပ်တော့ချေ။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now