[၆]
ဆောင်းဘောက်သံ ကျယ်ကျယ်ကြောင့် သူအိပ်နေရာမှ လန့်နိုးလာ၏။ခေါင်းရင်းရှိ တံခါးလေး အသာလှပ်ကြည့်လိုက်တော့ ဧရာမလူတန်းကြီးကိုတွေလိုက်ရသည်။သူ ဒီရွာရောက်တာ တပတ်မကတော့ပေမဲ့ အိမ်ခြေဘယ်လောက်ရှိတယ် လူပေါင်းဘယ်လောက်ဘာညာ မစပ်စုမိ။ယုတ်စွအဆုံး သူရွာဦးကျောင်းကိုတောင် မရောက်ဖူးသေးပါ။
သူ အိပ်ယာမှ ကမမ်းကတမ်းထပြီး လိုက်ကြည့်တော့ လူတန်းကြီးက ရွာအနောက်ဘက်တန်း ရောက်သွားလို့ မမှီတော့ချေ။
"ဟ..ငါ့တူကြီး ဘယ်ကပြန်တာတုန်း..ဘကြီးက မင့်မနိုးသေးဘူးတောင်ထင်နေတာကွ"
"ဟုတ်ကဲ့..ကျွန်တော် လိုက်ကြည့်တာ"
နုံး များပါလေမလားလို့ လေ။
"အဲ့ဒါအလှူခံထွက်တာလေ ၊ခုလိုလပြည့်ဥပုသ်နေ့ဆို ရွာထဲက ကာလသားတွေပေါင်းပြီး တအိမ်တက် တအိမ်ဆင်းအလှူခံထွက်တာ...မရှိသူရောရှိသူရော ကုသိုလ်ရအောင် ဆန်လေးအစ၊မုန့်လေးအစ အကုန်လက်ခံတယ် ပြီးရင်ရွာဦးကျောင်းကဆရာတော်ကိုလှူ၊မုန့်တွေများရင် ဆရာတော်ကပြန်စွန့် စားသောက်ပြီး သီလယူ၊နေ့လည်မှအိမ်ကိုပြန်ကြတာ၊လူငယ်တွေဆိုတော့ ကျောင်းတွင်းဥပုသ်ပေါ့ကွာ၊အပျော်ပဲ"
"ဪ"
"မိုးတိမ်ပြင်မှာတော့ ဒီဓလေ့ကိုအလေးထားဆုံးပဲ..အရွယ်မရွေး လိုက်ကြတာ..အိုးစည်ဝိုင်း ဘာညာအစုံပါတယ်"
"နောက်တခေါက်လိုက်ရမယ်"
"ခုလိုက်လည်း မှီပါသေးတယ်၊ဘကြီးလိုက်ပို့ရမလား"
"နေပါ ဒီပုံနဲ့.."
စွပ်ကျယ်ချိုင်းပြတ် ပုဆိုးတိုတိုနဲ့ ပြေးလိုက်သွားပုံရတဲ့ ဦးကျီးညို တူကြီးကရန်ကုန်သား ခန့်ချောကြီးပေ။မြို့သားပေမဲ့ အသားသိပ်မဖြူ..အရပ်အမောင်းကောင်းကောင်းနဲ့ တကယ့်ကို လူရည်သန့်။
"ကျွန်တော် မျက်နှာမသစ်ရသေးဘူး ဘကြီး"
ရှက်ကိုးရှက်ကန်းနဲ့ ပါးဘယ်ညာစမ်းရင်း ဘကြီးမမေးပဲ သူဖြေမိသည်။ဘကြီးက လူကို ပြုံးပြုံးကြီးကြည့်ပြီးခေါင်းတငြိမ့်ငြိမ့်နဲ့။
YOU ARE READING
"ကမ်းနီး...အလွမ်း ၊ ကမ်းဝေး...မေတ္တာ" [Ongoing]
Romanceတံငါရနံ့ သင်းထုံလှိုင်သော မြစ်ဝကျွန်းပေါ်ဒေသလေး၌ ပွင့်လန်းခဲ့သော ချစ်ပန်းလေးတပွင့်။