Part -8

268 40 15
                                    

ပြတင်းပေါက်ကနေ တဆင့်တိုးဝင်လာတဲ့ အလင်းရောင်စူးစူးကြောင့် ခေါင်းတွေကိုက်နေသည့်ကြားကပင် ချွမ်ရွေ့နိုးလာခဲ့သည်။

လက်ညိုးနဲ့လက်မကို အသုံးပြုကာ နားထင်ကိုဖိနှိပ်ရင်း မျက်ဝန်းတွေကို ဖွင့်လိုက်မိတော့ ရင်းနှီးနေတဲ့ အခန်းအပြင်အဆင်ကြောင့်
ဂယူဗင်း ညက သူ့ကိုကွန်ဒိုခေါ်လာမှန်း သိသည်။

ကုတင်ပေါ် ငုတ်တုတ်ထထိုင်လိုက်ပြီးမှ ကိုယ်ပေါ်က အဝတ်အစားတွေကို သတိထားမိသွား
သည်။ညက သူဝတ်ထားသည့် အဝတ်အစားများမဟုတ်ပဲ စတော်ဘယ်ရီသီးတွေပါတဲ့ အနီရောင် pajama ကြောင့် ဂယူဗင်းလဲပေးထားမှန်း သိတော့ ချွမ်ရွေ့ပါးလေးက ပူနွေးသွားရသည်။

သူငယ်ချင်းက သူငယ်ချင်းပဲဆိုပင်မဲ့ ချွမ်ရွေ့ကရှက်ပါသည်။

ရေချိုးသန့်စင်ဖို့ ကုတင်အောက်ကိုဆင်းလိုက်တော့ ကုတင်​ဘေးမှာ အဆင်သင့်ချထားတဲ့ အနီရောင် စတော်ဘယ်ရီသီးပါတဲ့ မွှေးပွဖိနပ်လေးကြောင့် ထပ်ပြီး ရှက်သွားရပြန်သည်။

ဒိီ ကင်မ်ဂယူဗင်းဆိုတဲ့ သူငယ်ချင်းကတော့ တကယ်ပဲ သူ့ကို ကလေးလိုသဘောထားနေပြန်ပါပြီ။

မှန်တင်ခုံပေါ်ကိုကြည့်လိုက်တော့လည်း ခါတိုင်းလိုပင် ။ သူလာအိပ်တိုင်း အဆင်သင့်တင်ထားပေးတက်တဲ့ မျက်နှာသုတ်ပဝါနဲ့ အဝတ်အစားတစ်စုံ ကိုယူကာ ရေချိုးခန်းထဲဝင်လာခဲ့သည်။

ရေချိုးခန်းထဲရောက်တော့လည်း သွားတိုက်တံက သွားတိုက်ဆေးထည့်ပြီးသား။Bathtub ထဲမှာလည်း ရေနွေးနွေးလေးက စပ်ပြီးသားအဆင်သင့် ။ နှင်းဆီပွင့်ဖက်လေးတွေတောင်ထည့်ထားပေးသေးတယ်။

တကယ်ကို princess treatment ပေးခံရတာကြောင့် ချွမ်ရွေ့ သဘောတကျ ပြုံးမိသွားသည်။

ဂယူဗင်းက တကယ့်ကို ချွမ်ရွေ့ရဲ့ နွေးထွေးရာလေး။ကိုကိုကြောင့် ပြိုလဲချိန်တိုင်း အနားမှာရှိနေပေးတဲ့ တစ်ဦးတည်းသောသူ။ ချွမ်ရွေ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို နှုတ်ကထုတ်ပြောစရာမလိုပဲ ချွမ်ရွေ့ရဲ့ မျက်နှာကိုကြည့်ရုံနဲ့ အလုံးစုံနားလည်သောသူ။

မိဘတွေထက် ၊ကိုကိုထက် ၊ချွမ်ရွေ့ကိုယ်ချွမ်ရွေ့ထက်တောင် ချွမ်ရွေ့ ဘယ်အရာကို လိုချင်လဲ၊ဘာကို သဘောကျလဲဆိုတာ ပိုသိသော တစ်ဦးတည်းသောသူ။

Mistake Where stories live. Discover now