Part - 4

241 52 16
                                    

"ရစ်ခီ ညနေကျရင် ကားပြိုင်မလို့ဆို "

ချွမ်ရွေ့နဲ့ ဂယူဗင်း canteen ထိုင်နေတုန်း
ဒိုဆူဟွန်းရောက်လာပြီး ကားပြိုင်မဲ့အကြောင်း မေးလာတာကြောင့် ချွမ်ရွေ့ သောက်လက်စ Mango juiceကို ချကာ ပြန်မေးလိုက်သည်။

" ဘယ်ကနေသိလာတာလဲ "

" မင်းနဲ့ပြိုင်မဲ့ ဂင်ဒိုဟာက ငါတို့အတန်းထဲကလေ သူပြောတာကြားလာတာ "

" အော် အဲ့တော့ "

" ဟီး ငါလိုက်မယ် "

" မလိုက်နဲ့ ကိုကိုဆူလိမ့်မယ် "

" လိုက်မယ် ခေါ်ပါကွာ ဟျောင်း မသိစေရဘူး
နော်.....နော် နော် "

ချွမ်ရွေ့လက်မောင်းကို လှုပ်ကိုင်ကာ တဆာဆာအော်နေတဲ့ ဒိုဆူဟွန်း ကြောင့် နဂိုထဲ စိတ်ရှုပ်တာ မခံနိုင်တဲ့ ချွမ်ရွေ့တစ်ယောက် လိုက်ခဲ့ခိုင်းလိုက်တော့သည်။

ကင်မ်ဂျီအွန်းသိပြီး ဆူတော့လည်း ဆူပေါ့
သူဆူခံရတာ ကိုယ်မှမဟုတ်ပဲ။

-
-
-
-
ကားပြိုင်ကွင်းကိုရောက်တော့ ကားပြိုင်မဲ့
ချွမ်ရွေ့ ထက် တက်ကြွနေသူက ဒိုဆူဟွန်းပင်ဖြစ်သည်။ကွင်းကြီးကိုကြည့်ပြီး တဝိုးဝိုး
တဝါးဝါးနဲ့ ဘာတွေအော်နေမှန်းမသိ။

ဂယူဗင်းကတော့ ဒိုဆူဟွန်းကိုတစ်ချက်မျှသာကြည့်ပြီး " ကားတွေစစ်ဖို့ သွားနှင့်မယ် "ဟု ဆိုကာ ကားတွေရပ်ထားတဲ့ နေရာကို ရှောင်ထွက်သွားသည်။

" ဒိုဆူဟွန်း "

" ဘာလဲ ရစ်ခီ "

" ငါတို့ပြိုင်ပွဲစတော့မှာ ဟိုမှာသွားထိုင်နေတော့ "

" အင်း အင်း "

ချွမ်ရွေ့ ညွှန်ပြလိုက်တဲ့ ခုံတန်းရှည်ဘက်ကို လစ်ခနဲပြေးသွားတဲ့ ဒိုဆူဟွန်းကိုကြည့်ပြီး
ချွမ်ရွေ့ ခေါင်းတစ်ချက်မျှခါရမ်းလိုက်ပြီး သူလည်း ကားတွေရပ်ထားတဲ့နေရာကို ထွက်လာခဲ့သည်။

ကားပြိုင်ပွဲစတာနဲ့ ဂင်ဒိုဟာဘက်က လူတွေရဲ့ အော်သံတွေက ထွက်ပေါ်လာသည်။ပထမတစ်ပတ်မှာ ဂင်ဒိုဟာက ပထမ ၊ချွမ်ရွေ့က ဒုတိယ ၊ဂယူဗင်းက တတိယဖြစ်သည်။

Mistake Where stories live. Discover now