Author Note

26 2 0
                                    

သျှားမိုးဝသုန်တို့ ဇာတ်လမ်းတစ်ခု မပြီးသေးဘဲ နောက်‌ဇာတ်လမ်းတစ်ပုဒ်ကို ရေးဖို့ပြင်နေပြန်ပါပြီ။ ဒီဇာတ်လမ်းလေးက ကျွန်တော်ရဲ့ စိတ်ကူးယဉ်ပုံပြင်လေးတစ်ခုပါပဲ။

State ‌ကျောင်းတုန်းက စဖို့တောင် မကြိုးစားနိုင်ခဲ့တဲ့ အချစ်တစ်ခုရှိခဲ့ဖူးပါတယ်။ အဲက ခံစားချက်အချို့ကို ပြန်ယူပြီး ဒီဇာတ်လမ်းကို ရေးမှာပါ။ အမှန်အတိုင်းပြောရရင် အခုရေးမဲ့ဇာတ်လမ်းမျိုးဟာ ကျွန်တော် မရေးနိုင်ခဲ့တဲ့ဇာတ်လမ်းမျိုးပေါ့လေ။ အခုတော့အပြင်လောကမှာရှိတဲ့ တစ်ဦးတစ်ယောက်မှမပါပါဘဲ ကျွန်တော့်ခံစားချက်အချို့သာပါတဲ့ ဇာတ်လမ်းတစ်ပုဒ်ရေးဖြစ်ခဲ့ပြီပေါ့ဗျာ။

ဒီဇာတ်လမ်းနဲ့ ပတ်သတ်ပြီး များများစားစားမတွေးရသေးပါဘူး။ နောက်ခံကိုတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ရှိတဲ့ ဘာသာရပ်တွေနဲ့ ဌာနတွေကို ယူပြီး ကျွန်တော့်စိတ်ကူးထဲမှာ ရှိတဲ့ တက္ကသိုလ်တစ်ခုကို ပုံဖော်မှာပါ။ ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ ရှိသော တက္ကသိုလ်တစ်ခုပေါ့ဗျာ။

Update ကိုတော့ ထုံးစံအတိုင်း ကျွန်တော်တစ်ယောက် အာမမခံရဲပါဘူး။ ပြီးအောင်ရေးပါမယ်ဆိုတာကိုတော့ အာမခံရဲပါတယ်။ အပိုင်းဘယ်နှပိုင်းရှိမလဲဆိုတာကိုလဲ ကျွန်တော်အနေနဲ့ မခန့်မှန်းတတ်ပါဘူးရယ်။ ပုံပြင်တိုလေးလဲ ဖြစ်နိုင်သလို မတိုမရှည်ပုံပြင်လေးတစ်ပုဒ်လဲ ဖြစ်သွားနိုင်သည်ပေါ့။ အရမ်းမရှည်လောက်ဘူးလို့တော့ မှန်းမိတာပါပဲ။

ကျွန်တော် တော်တော်လေးလေပေါမိသွားပြီ ထင်ပါရဲ့။ ဇာတ်လမ်းလေးစကြရအောင်‌ပေါ့ဗျာ။

12th May 2024

ကျွန်မ၏ ပန်းချစ်သူ အမျိုးသမီးငယ် (Unicode Version)Where stories live. Discover now