ᴘᴀʀᴛ ¹𝄞

12 1 0
                                    

Unicode

ဒေါက်..ဒေါက်..

" တိုတို..တိုတို "

တံခါးဖွင့်ပေးလိုက်တော့ ဆံပင်ရွှေအိုရောင်လေးနဲ့ ကြက်ပေါက်လေးလို ပြေးဖတ်လာတဲ့ကောင်လေး။

" ဘာလို့ အစောကြီး ရောက်နေတာလဲ ငါအိပ်နေတုန်း "

"  တိုတိုနဲ့ ချော့မို့ယေ "

" ငါက အိပ်အုံးမှာ "

" တားယဲ တိုတိုနဲ့ယိုက်အိပ်မယ်ယေ "

" ရတယ် ဒါမှာ စောင့်နေ ငါမျက်နှာသစ်သွားတိုက်မလို့ "

သူနဲ့မဆော့ပေးမချင်း လာရစ်နေတဲ့ ကြက်ပေါက်လေးကြောင့် ဇမ်းမျက်နှာသစ်ဖို့သာ ပြင်ဆင်လိုက်ရသည်။

[ ဇမ်းမဟာနွယ်ကို ဇမ်းလို့သုံးပြီး
နွေလည်မိုး‌ေဆာင်းကို နွေလည်လို့သုံးပါမယ်]

ဇမ်းအမေက ဇမ်းကိုမွေးပြီးကတည်းက ဆုံးပါးသွားတာကြောင့် ဖေဖေကပဲ ဇမ်းကိုစောင့်ရှောက်ပေးသည်။ ဖေဖေက အလုပ်များ၍ သိပ်ဂရုမစိုက်နိုင်ပါ သိုသော် အားလပ်သည့် အချိန်တိုင်း ဇမ်းနဲ့အတူစကားပြောတာဖြစ်ဖြစ်ဆော့တာဖြစ်ဖြစ် လုပ်ပေးပါသည်။

ဖေဖေက The Way Company ရဲ့ ဥက္ကဌဖြစ်တာကြောင့် အလုပ်များတာ အဆန်းမဟုတ်ပေ။ ဖေဖေက ဇမ်းကို အထီးမကျန်စေချင်၍ party ပွဲတွေကိုခေါ်သွားတတ်သေးသည်။ဇမ်းအသက်က ၆နှစ်ပဲရှိသေးသည် ဟိုကလေးကတော့ သူ့ထက်နှနှစ်ငယ်သည်။

ခုရောက်နေတဲ့ ‌ကြက်ပေါက်လေးကတော့ ဖေဖေ့အချစ်ဆုံး သူငယ်ချင်းရဲ့သား နွေလည်မိုးဆောင်းပင်ဖြစ်သည်။ ထိုကလေးက အလွန်ချစ်စရာကောင်းသည်။ ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်း ရွှေအိုရောင်ဆံပင်အုပ်အုပ်လေးတွေနဲ့ နှုတ်ခမ်စူစူလေးနှင့်မြင်သူတိုင်း ဆွဲနမ်းချင်စရာလေးပင်။

ဂျလောက်..(တံခါးဖွင့်သံ)

" ပြီးပြီ "

" ဝါးး တိုတိုက အရမ်းချောသယ် "

" အင်း ငါချောတာ ငါသိတယ် "

" တိုတိုက အချောချုံးပဲ "

" အွန်း သိတယ် မင်းမနက်စာစားပြီးပြီလား "

" ဟင့်အင်း ချားရသေးဝူး "

You've reached the end of published parts.

⏰ Last updated: May 11 ⏰

Add this story to your Library to get notified about new parts!

You Are My BelovedWhere stories live. Discover now