Part 42

567 63 1
                                    

အခန်း (၄၂) : တပ်ထဲက အားအနည်းဆုံး

"ဒီလေးကြိုးလေ... ငါ ဒါကို မဆွဲနိုင်ဘူး"

ဘေးပတ်ပတ်လည်က တပ်သားသစ်တွေ ဟယ်ယန်ကို အံ့ဩစွာ နဲ့ ကြည့်လိုက်ကြတယ်။ လျန်ဖင်းတောင်မှ သူ့နားသူ မယုံနိုင်ဖြစ်သွားပြီးတော့ နားကြားမှားတယ်လို့ ပဲ ထင်နေခဲ့တယ်။

"ဒီလေးကို ငါမဆွဲနိုင်ဘူး" ဆိုတာက ဘာကို ဆိုလိုတာလဲ။ တက ယ့်ကို ပုံမှန်လိုပဲ ယုံကြည်မှုအပြည့်နဲ့ ပြောချလိုက်တာ။ လျန်ဖင်း စစ်သားတွေ အများကြီးကို လေ့ကျင့်ပေးဖူးပေမယ့် ဟယ်ယန်ကတော့ သံသယဝင်စရာ မလိုအောင်ကို ကြုံဖူးသမျှထဲမှာ အဆိုးဝါးဆုံးပဲ။

‌ဒေါသထွက်စရာပဲ။

"ဘယ်လို အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ" ဝမ်ပါးက ဟယ်ယန် ရိုးသားမှာ ကို မမျှော်လင့်ထားတဲ့ပုံနဲ့ ကြားဖြတ် ပြောလိုက်တယ်။ နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းက သူက ဟယ်ယန်မှာ လေးအတတ်နဲ့ ပတ်သက်ပြီးတော့ ဖုံးကွယ်ထားတဲ့ စွမ်းရည်တစ်ခုခု ရှိနေတာကြောင့်မလို့ ဟယ်ယန်ကို ပလွှားကြွားဝါနေတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့လည်း အခုအကျိုးဆက်ကတော့ လက်ခံနိုင်တာ ကို လွန်သွားပြီ။

"ငါ့မှာ အခုလောလောဆယ် ဒီလေးကို ဆွဲဖို့ အားအလုံအလောက်မရှိဘူး။ အချိန်မရှိဘူး လေ့ကျင့်ဖို့လိုတဲ့ ညီအစ်ကို တွေကို လည်း အခွင့်အရေး ပေးရဦးမယ်။ နောက်ရက် အနည်းငယ်လောက်မှာတော့ ငါ ဒီလေးကို ဆွဲဖို့ အားအလုံအလောက် ရှိလောက်ပြီ" ဟယ်ယန်က တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းပြတယ်။ I

"ဟယ်ယန်,စစ်စခန်းက မင်း လာက စားလို့ ရတဲ့ နေရာ မဟုတ်ဘူး" လျန်ဖင်းက လေသံမာမာနဲ့ ပြောလိုက်တယ်။ သူက ဟယ်ယန်ကို တစ်ခုခုမှာ သေချာအောင်မြင်ဖို့ ကြိုးစားပြီး ဆုံးဖြတ်နိုင်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဟယ်ယန်က အမှန်တကယ်အရည်အချင်းမရှိလောက်ဘူးလို့ သူဘယ်တော့မှ မျှော်လင့်မထားခဲ့ဘူး။

"က စားဖို့နေရာလို ငါ သဘောမထားခဲ့ဘူး" ဟယ်ယန်က အပြစ်က င်းစွာ ပြန်ဖြေလိုက်တယ်။ ခနလောက် စဉ်းစားလိုက်ပြီး သူလိုက်လျောမှုတစ်ခု ပြုလုပ်လိုက်တယ်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now