Part 32

769 82 2
                                    

32 01

CHAPTER (32)

လတ်တလောမြို့တော်အတွင်း အနည်းငယ် တည်ငြိမ်နေ‌သယောင်ရှိသော်လည်း ညီလာခံအတွင်း လှိုင်းတံပိုးထန်နေသည်။ ‌နွေဦးအကုန်နွေရာသီအစသို့ ရောက်ရှိလာပြီး အဆက်မပြတ်တဖွဲဖွဲရွာနေသော မိုးမှ မြို့တော်အားမိုးမြူထုဖြင့် လွှမ်းခြုံလို့ ထားသည်။

ညာတောင် ပံစစ်သူကြီးရှောင်ဟိုင်ကျင်းမှ လျန်ကျိုးသို့ ထွက်ခွာမည့်တပ်သားအသစ်များကို ဦးဆောင်သော တပ်မှူးအဖြစ် ဆန္ဒပြုထမ်းဆောင်ခဲ့သည်။ ရှောင်ဟိုင်ကျင်းထွက်ခွာမှုဖြင့် ညီလာခံအခြေအနေ တစ်ဖန်ပြောင်းလဲသွားခဲ့သည်။ စိန်နားကပ်‌ရောင်‌ဖြင့် ပါးပြောင်နေကြသည့် အိမ်ရှေ့စံဘက်တော်သားများ၏ မျက်နှာ၌ ပျော်ရွှင်မှုစာလုံးကို မှ င်ရည်စုတ်ထိုးထားသည့် နှယ် အိမ်ရှေ့စံဘက်တော်သားများမြူးတူးနေကြသည်။ ညီလာခံနန်းတွင်းအရေးနှင့် ဆက်စပ်မှုမရှိသော သာမန်ပြည်သူများမူ ၎င်းတို့နေ့စဉ်ဘဝအတွက် ပုံမှန်အတိုင်းဆက်လက်ရုန်းကန်လျက် ရှိသည်။

လွန်ခဲ့သော ရက်အနည်းငယ် အတွင်း ဖန်းမိသားစုသခင်လေးအသတ်ခံခဲ့ရပြီး လူသတ်သမားကို ရှာမတွေ့နိုင်သေးပေ။ ဖန်းမိသားစုမှ မြို့အနှံ့လူသတ်သမားကို အစွမ်းကုန်ကြိုးပမ်းရှာဖွေခဲ့သည့် တိုင် ရှာမတွေ့နိုင်ခဲ့သဖြင့် ၎င်းတို့ဒေါသအား မိသားစုအတွင်း အသစ်စက်စက်ရောက်ရှိလာသည့် ချွေးမဖြစ်သူ ဖန်းသခင်မလေးအပေါ်ကို ပုံချကုန်ကြသည်။ သို့သော် ဖန်းသခင်မလေးဆင်းသက်လာသည့် ချန်ဝူလန်အိမ်တော်သည် ပြက်ရယ်ပြု၊ မလောက်လေးမလောက်စားပြုခံမည့်အိမ်တော်မဟုတ်ပေ။ ဖြည်းဖြည်းချင်း စောင့်စားနေကြပြီး ဖန်းသခင်လေး၏ နာရေး ၇ ရက်မြောက်နေ့၌ ၎င်းတို့မှ ဖခင်သခင်ကြီးဖန်းအား သမီးဖြစ်သူကို အိမ်ပြန်ခွင့်ပေးရန် အတင်းအကြပ်ဖိအားပေးစာထုတ်စေခဲ့သည်။ ငယ်ရွယ်ချောမောသည့် မိန်းမငယ်တစ်ဦး ဖြစ်သည့် ထန်ယင်းသည် ဖန်းသခင်လေးနှင့် လက်ထပ်ပြီးမကြာမီ မုဆိုးမအဖြစ် သို့ အကြောင်း မလှဘဲ ရောက်ရှိခဲ့ရသည်။ ထန်မိသားစုအနေဖြင့် သမီးဖြစ်သူအားငယ်ငယ်ရွယ်ရွယ်မုဆိုးမအဖြစ် နှင့် မနေစေလို၍ နောင်အနာဂတ်အတွက်အလျင်အမြန်စီစဉ်ပေးလာသည်။ ဖန်းချန်နှင့် လည်းသားသမီးမထွန်းကားခဲ့သဖြင့် ဖန်းမိသားစုအဖို့ ထန်ယင်းအားလက်လွှတ်ပေးရုံမှ တစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။ ဤအဖြစ် နှင့်အပြိုင် ဖန်းချန်နှင့် အတူချွမ်လိုင်မြစ်အတွင်း ရေနစ်သေဆုံးခဲ့ရသည့် ဟယ်ယန် မှာ ဤမတော်တဆမူ၏ မထင်မရှားနစ်နာသူတစ်ဦး ဖြစ်သွားပြီး ထုတ်ဖော်ပြောကြားခြင်း ပင် မခံခဲ့ရ‌ပေ။ ကာယကံရှင်ဟယ်မိသားစုမှ အပ ထိုမိန်းမပျို၏ တည်ရှိခဲ့မူအကြောင်း မည်သူမျှ မပြောခဲ့ကြပေ။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now