Description

664 44 5
                                    

သည်းထိတ်ရင်ဖို ဂိမ်းမှာ ကစားသမားအဖြစ် ရွေးချယ်ခံရပါက ဂိမ်းရှင်းလင်းနိုင်တာရော
သေတာ‌ရော ဖြစ်နိုင်တယ်  ။

လျိုအန်းချင်းကတော့ ပိုဆိုးပါတယ်။ သူကတော့ အခြေခံအားဖြင့် အဖွင့် ခရစ်ဒစ်များမှာ ရှင်သန်ရမယ့် သည်းထိတ်ရင်ဖိုဂိမ်းရဲ့ Npcနေရာက ကစားရတဲ့ အထူးကစားသမား တိုက်ရိုက်ဖြစ်လာခဲ့ပါတယ် ။

ဘာက သူ့အတွက် ပိုကံဆိုးစေတာလဲဆိုရင် သူဘယ်သွားသွား သူရဲ့ အလွန်အမင်း တမူထူးခြားတဲ့ ကိုယ်လုံးကိုယ်ပေါက်ကြောင့် ရက်စက်ခြင်းမှာ သာယာတဲ့သူတွေ(sadists) နဲ့ ဆိုက်ကိုပတ် တွေကိုပါ ဆွဲဆောင်နေတာပါပဲ။

Game 1:[သည်းထိတ်ရင်ဖို တိုက်ရိုက်ထုတ်လွှင့်ခြင်းအခန်း] အနည်းငယ်သော ထိခိုက်မှုကို မခံနိုင်တဲ့ ၀မ်းနည်းဖွယ်ကောင်းပြီး နူးညံတဲ့‌သားကောင်
– completed

အကြွေးတင်နေသူတွေက သူတို့အကြွေးကိုအမြဲ ပြန်ဆပ်ရမှာဖြစ်ပြီး မင်းတစ်ခါလောက် အကြွေးတင်လိုက်တာနဲ့ သည်းထိတ်ရင်ဖို့ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ရွေးချယ်ခံရမှာဖြစ်တယ်။

ပထမဆုံးအရွေးခံရတဲ့ လျိုအန်းချင်း "...…"

လျိုအန်းချင်းကို ရွေးချယ်ပြီးနောက် သူရဲ့သေဆုံးပုံနည်းလမ်းအမျိုးမျိုးကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ မမြင်နိုင်တဲ့ အတားအဆီးထဲကသူ‌တွေကို ဖုံးလွှမ်းစေခဲ့တယ်။

ဒါပေမယ့် ကင်မရာက လျိုအန်းချင်းရဲ့ မျက်နှာကို ချိန်လိုက်တဲ့အခါမှာတော့ အတားအဆီးထဲကသူတွေ အေးခဲသွားပြီး အရင်က ရက်စက်မှုတွေနဲ့ နှလုံးသားမဲ့တဲ့ မှတ်ချက်တွေက ချက်ချင်းပြောင်းလဲသွားခဲ့တယ် ။

[သူသေဖို့မထိုက်တန်ဘူးလို့ငါထင်တယ် ၊ဆဲရုံပဲမဟုတ်လား ? သူ့အသားပဲ့ပါမသွားပါဘူး ၊ဘာလို့ အရေးကြီးခွင်ကျယ်လုပ်နေကြတာလဲ]

[ငါသဘောတူတယ် ၊ သူက လူဆိုးလို့ ငါမထင်ပါဘူး] အစမှာတော့ လူတိုင်းက [ မလိုမုန်းထားရှိတဲ့သူတွေသေသင့်တယ်!]

ဒါပေမယ့်နောက်တော့ လူတိုင်း လျိုအန်းချင်းဝေးပေါ်အကောင့်မှာ စုပြုံပြီး ဝေဖန်တော့တယ်[မင်းကစပျစ်သီးတွေကိုတောင် မတတ်နိုင်ပေမယ့် အသားတော့စားရဲတယ်! မင်းမှာလူသားဆန်တာတွေ ရှိသေးရဲ့လား]

အလကားနေရင်း စော်ကားခံလိုက်ရသူတွေ "??? မင်းရူးနေလား?"

မင်းရဲ့တံခါးကိုခေါက်ပြီး မိနစ်အနည်းငယ်အတွင်း ချိုးဖျက်လာ‌တော့မယ့် ကွင်းဆက်လူသတ်သမားကိုတွေ့ရင် မင်းဘာလုပ်မလဲ? အဲ့မှာတခြား hostသာဆို ပရိသတ်တွေက သူတို့သေတဲ့ နည်းလမ်းအမျိုးမျိုးကိုမြင်ချင်ပြီး စိတ်လှုပ်ရှားကြလိမ့်မယ်။

ဒါပေမယ့် လျိုအန်းချင်းသာဆိုရင်‌တော့.....

[ တံခါးမဖွင့်လိုက်နဲ့ လျိုအန်းချင်း !!ကျေးဇူးပြုပြီး တံခါးမဖွင့်ပါနဲ့ မြန်မြန်ပြေးတော့] လျိုအန်းချင်း ဖုန်းထုတ်လိုက်ပြီး အိမ်ရှေ့ခန်းက အိမ်နီးချင်းရဲ့ နံပါတ်ကိုနှိပ်လိုက်တယ် ။

" ဟလို ခင်ဗျား အစားအသောက်တွေမှာထားတာရောက်နေပြီ ၊ခင်ဗျားတံခါးဖွင့်ပြီး ယူလိုက်လို့ရမလား"

____
_______

#Ruan Qing= လျိုအန်းချင်း?????

အသင်္ချေဂိမ်းရဲ့ npcအလှလေးဖြစ်လာခြင်း(MM translation)Where stories live. Discover now