"အင်းပါ ကိုကိုလဲကြည့်မှာပါ~"

ကလေးတွေတစ်ယောက်ပြီးတစ်ယောက်
အလှည့်ကျသရုပ်ဆောင်တာကို
အကဲဖြတ်ဖို့ကြည့်နေတဲ့ဂျောင်ကုက အရင်က
သူ့ကိုယ်သူကိုပြန်မြင်မိပြီး ပြုံးနေလိုက်တာများ
ပါးလေးတွေကိုမို့တက်လို့~

"ကလေးက ဒီတစ်ယောက်သရုပ်ဆောင်တာကိုသဘောကျတာလား ကိုကို့အမြင်တော့သိပ်မကောင်းဘူး~"

"မဟုတ်ဘူးကိုကိုရဲ့ ကလေးက
တစ်ခြားအကြောင်းတွေးမိသွားလို့~"

"အဲ့လိုကိုး ပင်ပန်းနေရင်နားနော်ကလေး~"

"ရပါတယ် မပင်ပန်းပါဘူး~"

သရုပ်ဆောင်ရွေးပွဲမှာ သေသေချာချာ
အာရုံစိုက်ရွေးချယ်ပေးခဲ့ကြပြီး ထယ်ယောင်းကုမ္ပဏီဆီပြန်လာတော့ ဂျောင်ကုကထယ်ယောင်းရင်ခွင်ထဲမှာ~

"ကိုကို~~"

"ဗျာ~"

"ခနတုန်းက ကလေးမှာပြောစရာစကားနှစ်ခုရှိတယ်လို့ပြောထားတယ်နော်~"

"ဟုတ်တယ်လေ ကိုကိုမှတ်မိတယ်~"

"အွန်း အဲ့တာအခုသုံးခုဖြစ်သွားပြီ~"

"သုံးခုဖြစ်သွားတယ်?~"

"ဟုတ်တယ်~"

"ဟဟ..ဘာစကားတွေလဲပြောပါဦး~"

တကယ့်ကလေးလေးလိုအရမ်းချစ်စရာကောင်းနေတဲ့
ဂျောင်ကုကို ထယ်ယောင်းအသည်းယားစွာ
ပါးလေးကိုဖျစ်ညစ်ရင်းပေးတော့ လက်သုံးချောင်းထောင်လာပုံကပိုပြီးချစ်ဖို့ကောင်းနေရော~

"ပထမတစ်ခုကယွန်ယောင်းကိုကူညီပေးပါကိုကို
သူဒုက္ခရောက်နေတယ်~"

"ဘယ်လိုဖြစ်တာလဲ~"

"သူ့ရဲ့sponsorကအခုထိသူ့ကိုအလွတ်မပေးသေးလို့လေ~"

"sponsorထားတယ်ဆိုကတည်းက sponsorက
လိုအပ်နေသ၍ ဘယ်အချိန်ဖြစ်ဖြစ်ဖြည့်ဆည်းပေးရမှာဘဲလေ~"

"ဒါဘေမဲ့အရမ်းကြာနေပြီလေကိုကိုရယ်
ယွန်ယောင်းလဲသူ့ဘဝနဲ့သူနေချင်တော့မှာပေါ့~"

"အဲ့တာကလွယ်ပါတယ် ကဲ ဒုတိယတစ်ခုပြော~"

"ဒုတိယတစ်ခုက ကလေးလေGym trainerကောင်းကောင်းလေးနဲ့ ခန္ဓာကိုယ်ကိုကျစ်လစ်အောင်လုပ်ချင်တယ်~"

~~Mask~~{Complete}Hikayelerin yaşadığı yer. Şimdi keşfedin