ထယ်ယောင်းတစ်ယောက် နေ့လယ်အကြာကြီးအိပ်မိလို့
ညအိပ်မပျော်တဲ့အခါမှာတော့ အိပ်ယာထဲဟိုလိမ့်ဒီလိမ့်နဲ့
ဘာမှလုပ်စရာမရှိ~
"ငါ့ရဲ့အလုပ်လေးကိုတောင်လွမ်းလာပြီ ညအိပ်မပျော်ရင်
အလုပ်လေးလုပ်နေလို့ရတယ်~"
ဘယ်လိုဘဲနေနေအိပ်မပျော်တဲ့အဆုံးမှာ
ကမ်းခြေဘက်ထွက်ကာ လမ်းထွက်လျှောက်ကြည့်တော့
လှိုင်းသံတွေရယ် လေအေးအေးရယ်ကြောင့်
အေးချမ်းမှုကိုခံစားရတာအမှန်~
*ကလေးအရင်က အိပ်မပျော်လို့လမ်းထွက်လျှောက်ရင်
ဒီလိုလေးခံစားရမှာပေါ့ အေးချမ်းမှုလေးရှိလို့တော်သေးတယ်~*
ဖိနပ်ကိုချွတ်ကာ ရေစပ်မှာထယ်ယောင်းလမ်းလျှောက်နေချိန်
အိပ်နေရာကနေ တစ်ရေးနိုးထလာတဲ့ဂျောင်ကုက
ရေထသောက်တော့ ကမ်းစပ်ကထယ်ယောင်းကိုတွေ့ပြီ~
"သူက အဲ့မှာဘာလုပ်နေတာလဲ ညကြီးသန်းခေါင်~"
ဂျောင်ကုကလဲတွေးတွေးဆဆနဲ့ အိမ်ပြင်ထွက်
ထယ်ယောင်းဆီသွားရာ ထယ်ယောင်းက
ကောင်မလေးတစ်ယောက်ကိုဖက်ထားတာမို့ ရင်ထဲမှာစူးအောင့်သွားလေရဲ့~
*ဘာလုပ်နေလဲမှတ်တယ်..ဟာ့ အကျင့်က
ဘယ်တော့မှမပြောင်းဘူး ဗီဇကိုကမကောင်းတာ~*
"လူယုတ်မာ တောက်စ်!"
"ဟင်~~ကလေး ကလေးစောင့်ပါဦး~"
တောက်ခေါက်ပြီးလှည့်ထွက်လာချိန်
ထယ်ယောင်းကနောက်ကပြေးလိုက်လာပြီး
ဂျောင်ကုရင်ထဲတော်တော်နာကျင်နေပြီမို့လှည့်မကြည့်တမ်းပြေးဘေမဲ့ ထယ်ယောင်းကမှီလာပြီ~
"ကလေး ကိုကိုပြောတာကိုနားထောင်ပါဦး~"
"လွတ်!...မထိနဲ့ ခဗျားကိုမုန်းတယ်! ရွံတယ်!"
"မမုန်းပါနဲ့ကလေးရယ် ကိုကိုတောင်းပန်ပါတယ်
ကိုကိုပြောတာကိုခနလေးနားထောင်ပါဦး~"
"ဘာကိုနားထောင်ရမှာလဲ နားမထောင်နိုင်ဘူးလွတ်!"
ဂျောင်ကုကိုသွားဆွဲတဲ့သူ့ကို ဂျောင်ကုကလဲ
အတင်းတွန်းထုတ်ရုန်းကန်နေတာမို့
အင်အားသုံးကာ တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်တဲ့ထယ်ယောင်း~
YOU ARE READING
~~Mask~~{Complete}