"အေးပါ ကြည့်ရသေးတာပေါ့ သူ့ကိုလဲပြောလိုက်
ငါစောင့်ကြည့်နေတယ်လို့~"

"ဟဟ..ဟုတ်ကဲ့ပါ ဒါနဲ့ယွန်ယောင်းနဲ့တွေ့ဖြစ်သေးလား~"

"နေ့တိုင်းတွေ့ဖြစ်တယ် ဒါဘေမဲ့အဲ့ကလေးမ
သုံးလေးလလောက်ရှိပြီ မျက်နှာကရွှင်ရွှင်လန်းလန်းမရှိဘူး
ဘာဖြစ်သလဲလို့မေးရင်လဲမဖြေဘူး~"

"အကြမ်းဖက်ခံနေရတာတော့မဟုတ်လောက်ပါဘူးနော်~"

"မဟုတ်လောက်ဘူး သူငါ့ဆီနေ့တိုင်းလာတယ်
ဒဏ်ရာဒဏ်ချက်တွေအညိုမဲစွဲတာတွေမရှိဘူး~"

"ဟုတ်လား အဲ့တာဆိုသူနဲ့တွေ့ကြည့်ဦးမှပါ
သူ့အိမ်လိပ်စာအဒေါ်သိတယ်မဟုတ်လား~"

"သိတယ် အခုသူရိုက်ကူးရေးလုပ်နေတယ်
အဲ့ကိုသွားလိုက်~"

"ခနနေမှသွားမယ် အခုတော့အဒေါ်ဆီလာလည်တာ~"

ရောက်တုန်းရောက်ခိုက်မှာအဒေါ်ကြီးဆီ
ထမင်းစား စကားတွေဖောင်ဖွဲ့ပြောနေတဲ့ဂျောင်ကုက
ဟန်ဆောင်မှုကင်းစွာပြုံးရယ်နေတာမို့အဒေါ်ကြီးလဲစိတ်ချမ်းသာရတယ်။

"အဲ့တာဆိုကျွန်တော်သွားတော့မယ်လေ~"

"အေ သွား သူ့ကိုပြောလိုက်ဦး ညနေကို အရံဟင်းတွေလာယူလို့~"

"ဟုတ်ကဲ့ ကျန်းမာရေးကရုစိုက်နော်အဒေါ်~"

"မင်းသာကရုစိုက်~"

ပြီးတာနဲ့အဒေါ်ကြီးဆီကနေတစ်ဆင့်သိရတဲ့ယွန်ယောင်းရဲ့
ရိုက်ကူးရေးနေရာကိုဂျောင်ကုလိုက်သွားတော့
ယွန်ယောင်းက ဝါရင့်မင်းသမီးတစ်ယောက်နဲ့အချေအသင်ဖြစ်နေပုံ~

"ဒီလိုမျိုးခနခနဖြစ်နေရင်အဆင်မပြေဘူးလေ~"

"တောင်းပန်ပါတယ်~"

"ပြောလိုက်ရင် ဒီအတိုင်းကြီးဘဲ
ဘယ်တော့မှမပြုပြင်လာဘူး ဘယ်အပေါက်ကဝင်လို့
ဒီနေရာကိုရောက်လာလဲမသိတဲ့အပေါစားကောင်မ~"

"နှစ်ယောက်သား ဘာဖြစ်ထားလဲမသိဘေမဲ့
အဲ့လောက်ထိပြောစရာမလိုဘူးလို့ကျွန်တော်ထင်တယ်~"

"အော် ဘယ်သူများလဲလို့ အရင်ကဖြတ်လျှောက်ကောင်လေးဘဲ ဒါနဲ့မတွေ့တာကြာပြီနော်~"

~~Mask~~{Complete}Where stories live. Discover now