နောက်ထပ် အတန်းချိန်တွေမှာ အကုန်လုံးက စိတ်လွင့်နေကြသည်။
ရှရှီပေ၏ ရုပ်ရည်တစ်ခုတည်းနှင့်တင် သူတို့ စိတ်ပူနေရတာကို သူမရဲ့ စွမ်းရည်ကလည်း ဒီလောက်ကောင်းမည်ဟု မထင်ထား။
သူတို့အသံကို ကောင်းသည်ထင်ထားသည့် သူတွေကလည်း ရှရှီပေ သီချင်းစဆိုသည်နှင့် တိတ်ဆိတ်သွားသည်။
သီချင်းအတူတူပဲကို ရှရှီပေဆိုတာနှင့် သူတို့ဆိုတာနှင့် ဘာလို့ ဒီလောက်ကွဲပြားနေရတာလဲ?!
သူတို့ ပြန်တိုက်ခိုက်ဖို့ အားမရှိတော့ဘူး!
ရှချင်းဟန်၏ မျက်နှာကလည်း အရမ်းဖျော့တော့နေသည်။
ရှရှီပေမှာ အသံကောင်းရှိမယ်လို့ သူမ ဘယ်တုန်းကမှ ထင်မထားဘူး!
ရှရှီပေကို လူအများရှေ့ အရှက်ကွဲမည် ထင်ထားခဲ့ပေမယ့် ရှိုးတစ်ခုကြည့်ခဲ့ရမယ်လို့ ဘယ်သူထင်မှာလဲ?!
ရှရှီပေ၏ လုပ်ဆောင်ပုံကို ပြန်တွေးပြီး သူမလက်သည်းတွေက လက်ဖဝါးထဲ နက်နက်နဲနဲစိုက်ဝင်နေပြီး သွေးထွက်လုနီးပါးပင်။
ကံကောင်းစွာနှင့်ပင် အကုန်လုံး၏ အာရုံက ရှရှီပေဆီရောက်နေသည့်အတွက် ဘယ်သူကမှ သူမ၏ ထူးဆန်းသော အပြုအမူကို သတိမထားမိကြ။
ရှချင်းဟန် အတန်းပြီးခါနီးမှသာ အာရုံကိုစုစည်းနိုင်သွားသည်။
နောက်အတန်းက သူမ ယုံကြည်မှုအရှိဆုံးဖြစ်သည့် အကအတန်းပင်။
ရှချင်းဟန်က ငယ်ငယ်ကတည်းက အကကို စတင်လေ့လာခဲ့သည်။ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီး သူမတွင် ပျော့ပျောင်းသော ခန္ဓာကိုယ်ရှိလာပြီး သူမ၏ ကကွက်တွေက လှပသည်။
ထရိန်နီ အနည်းစုက တစ်နှစ် နှစ်နှစ်လောက် လေ့ကျင့်ပြီးပေမယ့် ဘယ်သူမှ သူမနှင့် မယှဉ်နိုင်။
ဒီတစ်ခါတော့ သူမ ရှရှီပေကို သူတို့ကြားက ကွာခြားမှုကို ပြရသေးတာပေါ့။
နားချိန်တွင် လူနည်းစုသာ ရှချင်းဟန်အနားလာပြီး နောက်ဆုံးမှာ ရှောင်ရှီနှင့် နီနီသာ ကျန်ခဲ့သည်။