အပိုင်း ၂၀၂

138 27 0
                                    

အကုန်လုံးက ကျန်းဝေ၏ အကြားစွမ်းရည်က ထိပ်တန်းဆိုတာ သိသည်။ အသံတွေကြားထဲမှာမှ အမှားတွေကို ထောက်ပြနိုင်သည်။

ထို့ကြောင့် ဘယ်သူမှ ပြဿနာကို မရှာတွေ့ပေမယ့် သူမ အမှားဆိုနေသည်ဟုပြောတော့ အကုန်လုံးက သူမမှန်သည်ဟု ခံစားရသည်။

သိုပေမယ့် မမှန်မကန်ဆိုနေတဲ့သူက ဘယ်သူလဲ?

အကုန်လုံး မနေနိုင်ဘဲ ရှရှီပေကို လှည့်ကြည့်လိုက်ကြသည်။

အကုန်လုံးရဲ့ မျက်လုံးက သူမဆီရောက်နေပေမယ့်လည်း ရှရှီပေ သူမပုံစံအတိုင်းနေပြီး အပြစ်လုပ်ထားသည့်ပုံမပြ။

ကျန်းဝေ၏ အကြည့်က ကျောင်းသားတိုင်းကို ကြည့်ပြီး နောက်ဆုံးမှာ ခေါ်လိုက်သည်။ "အသစ်လေး ထွက်လာခဲ့!"

သူမ နာမည်ကိုတောင် တပ်မခေါ်သည်ကြောင့် ရှရှီပေကို ဘယ်လောက် မနှစ်မြို့သည်မှာ သိသာပေသည်။

တစ်ချို့က မနေနိုင်ဘဲ ရှရှီပေကို ကရုဏာသက်ဝင်မိသည်။ အတန်းကို တက်ပြီးပြီးချင်း ဆရာမကို ရန်စလိုဖြစ်သွားသည့်အတွက်ကြောင့် သူမ၏ ရှေ့ဆက်ရမည့်နေ့တွေက ခက်ခဲကြမ်းတမ်းလိမ့်မည်။

သို့ပေမယ့် သူမ ဘာလုပ်ပြီး ရန်စလိုက်တာလဲ?

ရှရှီပေ သူမကို ကြည့်နေသည့် မျက်လုံးတွေကြားကနေ အရှေ့ထွက်လာသည်။

"ဆရာမ"

ရှရှီပေ၏ စိတ်လှုပ်ရှားခြင်းမရှိ တည်ငြိမ်သည့် ပုံစံက ကျန်းဝေကို ခံစားရပိုခက်စေသည်။

သို့ပေမယ့် သူမ ချက်ချင်း မပေါက်ကွဲသေး။ ထို့အစား အမိန့်ပေးလိုက်သည်။ "အခုဆိုစမ်း မင်းတစ်ယောက်တည်းဆို!"

"ဟုတ်ကဲ့" ရှရှီပေ ခေါင်းငြိမ့်လိုက်သည်။

ကျန်းဝေထိုင်လိုက်ပြီး ပီယာနိုကို စတီးလိုက်သည်။

ပီယာနိုအသံက နိမ့်သည့်အသံကနေစပြီး ထွက်လာသည်။

ရှရှီပေ ပါးစပ်ဖွင့်ပြီး ဆိုလိုက်သည်။

"မာ~အာ~အာ~~"

ကျန်းဝေ အရိုးထဲအသည်းထဲကနေ စိမ့်ခနဲ ခံစားလိုက်ရသည်။ ဤအသံ...

ရက်စက်သော နတ်ဘုရားမ IIHikayelerin yaşadığı yer. Şimdi keşfedin