ကျေးဇူးတင်လွှာ

2.5K 233 36
                                    

UNICODE
ကျေးဇူးတင်လွှာ

မိုင်တို့ ၂၄.၆ .၂၀၂၃ ခုနစ် မှာစတင်ခဲ့တဲ့ ခရီးလမ်းလေးကို ၉.၅.၂၀၂၄ ခုနစ်မှာပဲ အဆုံးသတ်နိုင်ခဲ့ပါပြီ။

အပိုင်းအရေအတွက် (၅၀) တိတိဖြစ်ပါတယ်။

မဟာဧကရီ ဟန်တျာရဲ့ သွေးသား မဟေသီဖုရား ရူစန္ဒာအဏီရာရဲ့ ဘ၀ဇာတ်ကြောင်း တစ်စိတ်တစ်ပိုင်းကို ဖတ်ရှုခဲ့ရတာဖြစ်ပါတယ်။မဟေသီအရှင်မြတ်ရဲ့စိတ်နေစိတ်ထား၊ခံယူချက်၊ မိသားစု အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာ စတာတွေကို မိုင်အတတ်နိုင်ဆုံးရေးသားဖော်ပြခဲ့ပါတယ်။ လိုအပ်ချက်တွေရှိမှာလည်း မလွဲဧကန်ပါပဲ။ မိုင့်ကို ချစ်သောမျက်စိလေးတွေနဲ့ ကြည့်ရှုပြီး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်နော်။

ဒါဟာ မိုင့်ရဲ့ ဒုတိယမြောက် ဇာတ်သိမ်းအထိပြီးဆုံးခဲ့တဲ့ ၀တ္ထုရှည်တစ်ပုဒ်ပါ။သို့ပေမယ့် လိုအပ်ချက်တွေများစွာ ရှိနိုင်တာမလို့ ထပ်မံပြီး တောင်းပန်ပါတယ်နော်။ အကျိုးတစ်စုံတစ်ရာရခဲ့သည်ဖြစ်စေ၊ မရခဲ့သည်ဖြစ်စေ မိုင်ရေးတဲ့ ၀တ္ထုကြောင့်တစ်ခုခုထူးခြားခဲ့မယ်ဆိုရင်ပဲ မိုင်ရေးရကျိုးနပ်မယ်လို့ယုံကြည်ပါတယ်။

၀တ္ထုရဲ့ ဇာတ်ကြောင်းအချို့ကြောင့် စိတ်ကျေနပ်မှု မရှိတာလေးတွေလည်း မိုင်တွေ့ရပါတယ်။အဲ့ဒီအတွက်လည်း မိုင်ကပဲ အနူးအညွတ်နဲ့ထပ်မံတောင်းပန်ချင်ပါတယ်။ ဘ၀ဟာ အကောင်းတွေချည်းပဲလည်း မလာနိုင်သလို အဆိုးတွေချည်းပဲမလာနိုင်တာသဘာ၀ပဲလေနော်။ဒါလေးကိုအတတ်နိုင်ဆုံးမြင်နိုင်ကြရင်ကောင်းမှာပါပဲ။သို့ပေမယ့်သဘောမကျလို့ မေတ္တာတရားတွေမရှိတော့ရင်တောင် အမုန်းတရားတွေတော့ မရှိစေချင်တာပါ။

ဧကရီဖုရား မှသည် မဟေသီဖုရားအထိ မဖြေရှင်း၊မဖော်ပြ ရသေးတဲ့ အကြောင်းအရာ အနည်းငယ်လည်းရှိပါသေးတယ်။အဲ့ဒီဟာတွေကရော ဘယ်အချိန်ဖော်ထုတ်မလဲမေးရင်တော့ နောက်လာမယ့် Final Series မှာစောင့်မျှော်ဖို့ပဲပြောပါရစေနော်။ Final Series မှာ SEASON 3+4 ပုံစံနဲ့လာမှာဖြစ်ပြီး အပိုင်းရေ ၁၀၀ ပါ၀င်မှာဖြစ်ပါတယ်။

ပထမမင်းသားရဲ့ဘ၀ဇာတ်ကြောင်း၊ဒုတိယမင်းသားရဲ့ဘ၀ဇာတ်ကြောင်း၊အခြွေအရံဂိမာနရဲ့ဘ၀ဇာတ်ကြောင်း၊ တတိယမင်းသားရဲ့သမီးတော်တွေနဲ့သားတော်တွေရဲ့ ဘ၀ဇာတ်ကြောင်းစတာတွေပါ၀င်ပါလိမ့်မယ်။

ထိပ်သီးနတ်ဘုရား၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now