"ဘာပြောလိုက်တယ်၊ ငါက ငါ့ရဲ့ခံစားချက်ကိုဦးစားပေးတယ် ဟုတ်သလား"

အဓိပတိရာဇ တစ်ယောက်သွေးအန်လုမတတ်ဖြစ်သွားရသည်။သူကိုယ်လုပ်တော်ထပ်မံပြီး လက်မခံတာနဲ့ပဲ သုံးလောက ကပျက်စီးသွားမတဲ့လား၊ ဘုရင်တွေ ဧကရာဇ်တွေ မိဖုရားများစွာနဲ့ သွေးကွဲ သားသမီးတစ်အုပ်တစ်မကြီးရဲ့ စိတ်၀မ်းကွဲတိုက်ခိုက်မှုများကြောင့် သွေးချောင်းစီးကာ တိုင်းပြည်ပျက်ရသည်ကိုပဲသူကြားဖူးသည်။

"ကျေးဇူးပြုပြီး ကိုယ်လုပ်တော်လက်ခံပေးပါအရှင်၊ အရှင့်ရဲ့ဆက်ခံသူနဲ့ မျိူးဆက်အတွက်ပါ အကျိုးကျေးဇူးရှိနိုင်ပါတယ် "

လနတ်ဘုရားက ထပ်မံ၍လျှောက်တင်ပြန်ရာ ဤတစ်ခါတွင်တော့ အခြား နတ်ဘုရားများကပါ ကြမ်းပြင်၌၀ပ်တွားရင်းတောင်းဆိုလိုက်ကြသည်။

ထိုစဉ်။

"အုပ်ချုပ်သူအရှင်ရဲ့ ဆက်ခံသူနဲ့ မျိုးဆက်အတွက်ဆိုရင်တော့ မင်းတို့ မစိုးရိမ်လည်းဖြစ်တယ်နော့ "

ဗဟိုခန်းမ၏ တံခါးအပြင်မှ နူးညံ့ကာ ရက်စက်တတ်သည့် အသံတစ်ခုက ထွက်ပေါ်‌လာလေသည်။

"မဟေသီအရှင်မြတ်ကြွလာပါတယ် "

အထိန်းတော်အမျိုးသားတစ်ယောက်ရဲ့အသံကပါဟိန်းခနဲထွက်လာခဲ့ပြီးနောက် ကြည်လင်ကျောက်စိမ်းဗိမ္မာန် ဗဟိုခန်းမရဲ့ တံခါးချပ်ကြီး နှစ်ချပ်ဟာ ပွင့်ဟလို့လာခဲ့ပေသည်။

ခြေနင်းမစီးထားသည့်ဖြူလျလျခြေဖမိုးတို့ကကြမ်းပြင်နဲ့မထိ။ထိုအစား ခြေကျင်း၀တ်သေးသေးသွယ်သွယ်မှ ချူလုံးသံတို့ကသာတချွင်ချွင်နှင့် ခန်းမ၏ တိတ်ဆိတ်နေမှုကိုဖောက်ထွက်သွားခဲ့သည်။

မျက်နှာကိုကာထားသည့် ဇာပဝါကို ခဏထားလိုက်ဦးတော့၊ သွယ်လျကာ အချိုးအစားပြေပြစ်သည့် ခန္ဓာကိုယ်၊ နီထွေးကာ နို့ပူတင်းကဲ့သို့မြတ်နိုးဖွယ်ရာအသားအရေနှင့် ကျော့ရှင်းသည့်လည်တိုင်၊ နီမြန်းနေသည့် နားရွက်ကားကား ၊အနောက်သို့ကျစ်ဆံမြီးကျစ်ကာချထားသည့်ခါးတစ်၀က်ကျော်ရှည်သည့် ဆံပင်များကတလွင့်လွင့်။

"ဒါ... ဒါက...."

မဟေသီအရှင်က လူသားမျိုးနွယ် ယောကျာ်းတစ်ယောက်လို့သူတို့ကြားထားခဲ့ရာ သာမန်လို့ပဲထင်ခဲ့ကြခြင်း။သို့ပေမယ့် အခု မဟေသီက မျက်နှာသွင်ပြင်မမြင်ရဘဲနဲ့တောင် ရက်ရက်စက်စက် လှလွန်းနေသည်မဟုတ်ပါလား။ထို့အပြင် ကျောက်ဖြူသလင်းရတနာများဖြင့် အလှဆင်ထားသည့် နတ်ဘုရား၀တ်ရုံတော်က လှပသော်လည်း အတန်ငယ်ပါးလျနေရာ မဟေသီအရှင်၏အလှကို ပိုမို၍ပံ့ပိုးနေသယောင်။ ကမ္ဘာ ပျက်စေနိုင်သည့်အလှမျိုးက ဘယ့်နှယ်ကြောင့် ရှင်သန်နေရပါသနည်းလို့ သူတို့ စိတ်ထဲမှနေ၍မေးခွန်းတွေတန်းစီကာထုတ်ပစ်လိုက်သည်။

ထိပ်သီးနတ်ဘုရား၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now