Unicode
ဆိုလ်းမြို့ရဲ့ လှပတဲ့ မနက်ပိုင်းလေးတစ်ခု။
ဆောင်းတွင်းဖြစ်၍ ရာသီသဘာ၀အတိုင်း အေးနေသည်။
ထိုသို့အေးနေသောအချိန် မည်သူမျှ မထနိုင်ဘဲ အိပ်ယာထဲတွင် စောင်ခြုံကွေးကြစမြဲ။
ထိုသူများထဲတွင် ထယ်ယောင်း အပါအ၀င် ။ စောင်ကိုလည်ပင်း အထိခြုံထားကာ မျက်နှာလှလှလေးတွင် နူးညံ့သော ဆံနွယ်လေးများ ဖြာကျနေသည်။
သူများတွေ အခုချိန် အလုပ်သွားရန် အလောတကြီး ပြင်ဆင်နေကြချိန် ထယ်ယောင်းမှာတော့ အိပ်ယာထဲတွင် ဇိမ်နဲ့နှပ်နေလေသည်။
Company ဖွင့်ရက်ဖြစ်ပါသော်လည်း ထယ်ယောင်းအလုပ် မသွားချင်။ ဖြစ်နိုင်ရင် ထို company မှရာသက်ပန် အလုပ်ထွက်လိုက်ချင်ပါသည်။
သို့သော်လည်း လစာလေး ကောင်းသည်မလို့ သည်းခံနေရသည်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်နိုင်တဲ့အချိန်ကျမှ ထိုအလုပ်မှထွက်မည်ဟု စဥ်းစားထားသည်။
အတွေးများဖြင့် တစ်ကမ္ဘာဆောက်နေချိန် ..
ကြားလိုက်ရပါသော ခြေသံခပ်ဖွဖွ နှင့် တံခါးဆောင့်ဖွင့် လိုက်သံကြောင့်
ထယ်ယောင်းသိလိုက်ပါပြီ သူ့ဆီ လော်စပီကာ ကြီးရောက်လာတော့မည်ဆိုတာ..." ရား..!!! ထယ်ယောင်း ထတော့!! အိပ်နေတာလား သေနေတာလား !! အလုပ်သွားရအုန်းမယ်လေ နေတောင်ဖင်ထိုးနေပြီကွ!! "
* ဂွပ် *
" အား...!! ဆော့ဂျင်ဟျောင်း..!!!! "
ဒယ်ပြားကြီးနှင့် ခါးထောက်ကာ ဆော်ချလိုက်သော ဆော့ဂျင်ကြောင့် ထယ်ယောင်း ထိသွားသော ခေါင်းကိုပွတ်ကာ ထထိုင်လိုက်ရသည်။
" ဒီအတိုင်းနှိုးလည်း ရတာပဲကို.... အားလားလား.. နာလိုက်တာ "
" အရင်နေ့တွေတုန်းကကော အော်ပြီးနှိုးတာ မင်းထလို့လား.. နောက်နေ့တွေကျရင် ဒီထပ်နာမယ်မှတ်...အခုတောင် ငါလက်တည့်စမ်းတာမို့လို့ မင်းခံသာသွားတယ် "
လက်တည့်စမ်းတာ မို့လို့ပါပဲ တကယ်သာရိုက်ရင်တော့ ခေါင်းများကွဲသွားမလား မသိပေ။