{2}

45 11 1
                                    

Unicode

Company အတွင်း၌ ၀န်ထမ်းများမှာ ပုံမှန်ထပ်ပို၍ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။

အထူးသဖြင့် Company က၀န်ထမ်းမိန်းကလေးအများစုပင်။

" ဥက္ကဌကြီးရဲ့ သားကချောမလားမသိဘူး ချောပါစေဆုတောင်းပါတယ် "

" ဟဲ့ သေချာပေါက်ချောမှာပဲ.. ငါပြောရဲတယ် "

" ချောရင်တော့ ငါ့အပိုင်ပဲနော် ကောင်မတို့ "

" လှဲသေလေ ငါ့အပိုင်ဖြစ်မှာ... "

" သေစရာလား ငါလင်ချောချောလေးရပြီးမှ သေမှာ "

၀န်ထမ်းများ ရုတ်ရုတ်သဲသဲဖြစ်နေစဥ် ဟိုဆော့မှ ၀င်လာကာ။

" နင်တို့ရုပ်တွေ နင်တို့ပြန်ကြည့်.. ဟိုဥက္ကဌသားက နင်တို့ဘက်အီးတောင်လှည့်ပေါက်မှာမဟုတ်ဘူး.. ရှင်းလား ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြ!! "

ဟိုဆော့စကားကြောင့် မိန်းမသားထုကြီး ကြေကွဲကာ အလုပ်ကိုယ်စီပြန်လုပ်ကြလေသည်။

ထယ်ယောင်း ဟိုဆော့ပြောသည့်စကားကို ဒီတစ်ခါ အတည်ထောက်ခံမိသည်။

နာမည်လည်းမသိ အသားတောင်ဖြူလား မဲလားမသိတဲ့ လူကို အကြီးကြီးတွေပြောနေကြလေသည်။

ဟိုကဖြင့် မိန်းမရှိလားမသိ ဘာမသိနှင့် မိန်းမသားထုကြီး အကဲပိုလွန်းပါသည်။

ထိုစဥ် ထယ်ယောင်း ဘေးသို့လာထိုင်ပါသော ဂျီမင်။

" ထယ်ယောင်းရေ ဒီစာရွက်မိတ္တူကူးပြီးပြီမလား "

" ပြီးတာဖြင့်ကြာရောပေါ့ ဂျာကြီးကိုတောင်ပေးပြီးပြီ "

" အေးပါကွာ... ဒါဖြင့်ဘာတွေ မှိုင်နေတာလဲ ? ချစ်သူတွေဘာတွေများ ရနေပြီလား "

" မှိုင်နေတာနဲ့ ချစ်သူရရောလား ? "

" ဟုတ်တယ်မလား မှန်တယ်မလား မင်းချစ်သူရနေတာမလား "

" မဟုတ်ပါဘူးဂျီမင်ရာ "

ဂျီမင်မှာ ထယ်ယောင်းအား ချစ်သူရနေပြီထင်ကာ ထယ်ယောင်းငြင်းနေသော်လည်း ဖင်ပိတ်ကာ အတင်းမေးလေသည်။

တကယ်တော့ ထယ်ယောင်း အချစ်ကိုစိတ်ကုန်နေတာကြာခဲ့ပြီ။

အတုအယောင်တွေ ကြားမှာ အချစ်ကိုကစား ခဲ့တဲ့သူကြောင့် သူချစ်ရမှာကို ကြောက်တတ်သွားလေပြီ။ နောက်ထပ်ချစ်မိဖို့လည်း စိတ်ကူးမရှိတော့ပေ။

𝐈 𝐇𝐚𝐭𝐞 𝐌𝐲 𝐄𝐱-𝐁𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Wo Geschichten leben. Entdecke jetzt