ဂျောင်ကုမှ ဆိုဖာပေါ်ထိုင်ပြီးပြီးချင်းပဲ စကားစလိုက်သည်။ တခြားကိစ္စတော့မဟုတ်၊ ဂေဟာက ကလေးတွေကို ပုခက်လဲပေးဖိို့ကိစ္စ။

သူတို့ Jလုပ်ငန်းစုက ကလေးပစ္စည်းတွေကိုပါ တိုးချဲ့ထုတ်လုပ်လာသည်မို့ ပထမဆုံး ဒီဂေဟာလေးကို သတိရသွားခြင်းကြောင့်။

"ဒီမှာ နို့စို့ကလေးအရွယ် ဘယ်နှယောက်ရှိလဲဗျ"

"အယောက် ၂၀လောက်ရှိတယ် ကောင်လေး" "အာ ခဏလေးနော် ငါ့နှယ်မေ့တတ်ရန်ကော...."

ဖာသာကြီးက အသက်လဲအတော်လေးကြီးနေပြီမို့ လူအတိအကျကိုမမှတ်နိုင်။ ထို့ကြောင့် စာရင်းကိုသွားပြန်ကြည့်ရခြင်းဖြစ်​၏။

"ဟိုတစ်လောက ကလေးလေးတစ်ယောက်ထပ်ရောက်လာသေးတာဆိုတော့ အတိအကျဆို သူအပါအဝင် ၂၁ယောက်ရှိတယ် ကောင်လေး"

ဂျောင်ကုဘက်က လှူရန်မှန်းထားသည့်ပမာဏက အယောက်သုံးဆယ်လောက်မို့လို့ ကလေးတွေအတွက် လိုတာထက်ကိုပိုပါ​၏။

"အဲ့တာဆို ကျွန်တော် မနက်ဖြန်လောက်ဖြစ်ဖြစ် ထပ်လာခဲ့ပါဦးမယ်" "ကလေးတွေအတွက် ပုခက်လဲပေးချင်လို့လေ" "လိုလိုပိုပို အခု ၃၀လောက် လက်ခံပေးရင်တော့ ကျွန်တော့်ဘက်ကပိုပြီး ကျေးဇူးတင်တာပေါ့ဗျာ"

တကယ်ပဲ ဒီလူက နားလည်ရခက်ပါသည်။ အလှူခံရသည့်သူက ကျေးဇူးတင်ရမည်ကို အလှူရှင်က ကျေးဇူးတင်စကားပြောနေလေရဲ့။

သို့ရာတွင် ဖာသာကြီးကတော့ အတိုင်းထက်အလွန်ဝမ်းသာလျက် ဂျောင်ကုလက်ကို ဆွဲကိုင်ကာ ကျေးဇူးတင်စကားဆိုလာသည်။

"ကျေးဇူးတင်လိုက်တာ ကောင်လေးရာ" "ကောင်လေးလှူတဲ့ငွေတွေထဲက ကလေးတွေအတွက်လိုအပ်တာသုံးပေမဲ့ ပရိဘောဂတွေအတွက် အခက်အခဲဖြစ်နေသေးတာ" "တကယ်ကျေးဇူးတင်ပါတယ်"

ဖာသာကြီးက ပြောပြောဆိုဆိုနှင့် တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်ပြီး

"ဂျူအင်းလဲ မကြာခင်ပြန်လာတော့မှာဆိုတော့ အလှူမှတ်တမ်းချက်ချင်းထုတ်ပေးလို့ရတယ် ကောင်လေး" "မင်း စောင့်ဖို့အချိန်ရမယ်ဆို တစ်ခါထဲစောင့်ယူသွားပါလား"

Dada JeonWhere stories live. Discover now