"ဟန်နီရေ သွားကြစို့!!!"
အိမ်ထဲကိုမဝင်လာပဲ အပြင်က လှမ်းအော်လိုက်သည့် ဂျောင်ကုက ကားကို ဖုန်သုတ်လို့မပြီးသေး။ လုပ်စရာရှိတာတွေလုပ်ပြီးမှသာခေါ်မည်ဆိုလျှင် ဟန်နီ့ကိုထပ်စောင့်ရဦးမှာသိသည်မို့ ကြိုတင်ပြီး လှမ်းပြောထားခြင်းဖြစ်၏။
သို့ရာတွင် ဟန်နီမှာ လှေကားပေါ်က တစ်ထစ်ချင်းဆင်းလာပြီး မီးဖိုချောင်အဝင်ဝတွင် ခြေလှမ်းများကို ရပ်တန့်သွားကာ
"ဦးလေးဘဲ့ ဒီနေ့ ဧည့်သည်လာမှာမို့လို့လား"
စားပွဲပေါ်မှာတင်ထားသည့်ဟင်းပွဲများက ဖွယ်ဖွယ်ရာရာ။ ထို့အပြင် အရံဟင်းတွေကလဲ အတော်လေးစုံသည်မို့ ထယ်ယောင်းဘက်က ထိုမေးခွန်းကိုမေးမိခြင်းသာ။
သို့ရာတွင် အိမ်တော်ထိန်းဘဲ့မှာ မီးဖိုပေါ်က ဟင်းအိုးကိုချရင်း
"ဘာဧည့်သည်မှလာဖို့မရှိပါဘူး သခင်လေးရယ်" "သခင်လေးတို့ ဆေးရုံမသွားခင် စားသွားဖို့ ပြင်ထားတာပါ" "ဆေးရုံကအစားအသောက်တွေက အရသာသိပ်မရှိဘူးလေ"
အင်း။ အိမ်တော်ထိန်းဘဲ့ပြောတာလဲဟုတ်တော့ဟုတ်ပါသည်။ ဆေးရုံကအစားအသောက်တွေက ကျန်းမားရေးနဲ့အညီညွတ်လွန်ပြီး အစားအသောက်တွေက ရေလုံပြုတ်နီးပါးကိုဖြစ်နေတာ။
ထို့ကြောင့်ထယ်ယောင်းမှာ အိမ်ရှေ့ကိုပြေးထွက်သွားပြီး
"ဒါလင် ဒါလင်! အိမ်ထဲခဏပြန်ဝင်ခဲ့ပါဦး" "ဘဲ့ဦးလေးကြီး မနက်စာပြင်ထားတယ်တဲ့"
ကြွေပြားတွေခင်းထားသည့်ကြမ်းပြင်ပေါ်ပြေးလာသည့်ဟန်နီကို မမြင်လိုက်ပေလို့ပေါ့။ မြင်သာမြင်မယ်ဆို ဒီအညိုလုံးက ဆေးရုံမသွားခင်အဆူခံရဦးမှာ။
သို့ရာတွင် ဥယျာဉ်ထဲကနှင်းဆီပန်းတွေကိုခူးပြီး အိမ်ထဲပြန်ဝင်လာတဲ့ မာမားက ထယ်ယောင်းကိုကျော်ပြီးဝင်သွားခါမှ ပြန်ပြီးလှည့်လာသည်။
"ဟေး သားငယ်လေး" "ဒီမှာအကြာကြီးရပ်မနေနဲ့လေ ခြေထောက်တွေအေးမယ်"
ကြွေပြားတွေပေါ်က ခြေဗလာလေးဟာလဲ နီရဲလျက်၊ မျက်လုံးဝိုင်းဝိုင်းလေးတွေဟာလဲ ကားဖုန်သုတ်နေသည့် ဒါလင့်ကိုလှမ်းကြည့်လျက်။
![](https://img.wattpad.com/cover/306003321-288-k462678.jpg)
BẠN ĐANG ĐỌC
Dada Jeon
Fanfictionအေးစက်ကာ အထီးကျန်မှုအတိပြီးနေသော အသူရာချောက်နက်ထဲ နစ်မြုပ်နေခဲ့သည့်သူ့အတွက် ထယ်ယောင်းက တစ်ခုတည်းသောတောက်ပမှုလေးအဖြစ်တည်ရှိနေခဲ့သည်မို့ ထို့သူကို အမိအရလှမ်းဆွဲထားချင်မိသည်။