*ဒုန်း!! ဒုန်း!!*
"တံခါးဖွင့်!!!"
ရတု အခန်းထဲကထွက်လိုရငြား မနက်ကတည်းကအော်ခဲ့နေပေမယ့် အသံတစ်သံပင်မကြားရချေ။
လက်ကလည်း လက်ထိပ်ဒဏ်ကြောင့် အလွန်ပင် နာကျဉ်နေပြီဖြစ်၏။
တကယ်ပဲ သူတစ်ယောက်တည်းကို အခန်းထဲပစ်ထားခဲ့တာလား...
မျက်ရည်စတို့က တစ်ဖန်အစပျိုးလာချေပြီ။ ရတုမှားခဲ့တာပဲ...
ဒီလိုလူမျိုးကိုချစ်ခဲ့မိတာ...ပြီးတော့ မမရော မမရော အဆင်ပြေပါ့မလား...
ဖုန်းအဆက်သွယ်လုပ်လို့မရအောင် ဖုန်းပါသိမ်းသွားလေသည်။
ကြံမရတဲ့အဆုံး ခုတင်ပေါ်ပင်ပြန်ထိုင်နေလိုက်တော့သည်။
နာရီကိုကြည့်တော့ ၆နာရီပင်ထိုးချေပြီ။ မနေ့ကတည်းက ဗိုက်ဟောင်းလောင်းနဲ့မို့ တော်တော်လေးလဲ အဆာလွန်နေပြီဖြစ်သည်။
*ကျွီ*
"ခင်....ခင်ဗျား ....."
တကယ်ပဲ ထိုလူ မနေ့ကတည်းက အိမ်မှာပဲရှိနေခဲ့တာလား....
"မောင်... မနက်စာ ပြင်ထားတယ် လာစားလှည့်...အော်....လက်ထိပ်မဖြုတ်ပေးတော့ဘူးထွက်ပြေးမှာစိုးလို့..."
"ဟက်....ခင်ဗျားရူးနေတာလား..."
ရတု ဗိုက်ဆာနေတာကိုပင် မေ့သွားချေပြီ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ချက်ချင်းပြောင်းလဲသွားခဲ့သည်တဲ့လား။
"ရူးတာပေါ့...မင်းမသိဘူးလား...မင်းလင်အကြောင်း....အပိုလုပ်မနေနဲ့ ဗိုက်ပြည့်အောင်အရင်စား...ပြီးမှရန်တွေ့...."
"ခင်ဗျားကို စိတ်တိုနေတယ် ထင်နေတာလား...ဟမ်...ခင်ဗျားကို စိတ်ပျက်နေတာ...."
ရတု ပြောလိုက်သောစကားများကြောင့် အတော်လေးအရှိုက်ထိသွားပုံပေါ်ပါသည်။ ထိုလူရဲ့ဗီဇက တဖြည်းဖြည်းသိသာလာတော့၏။
"ပျက်ပေါ့....ပျက်လဲ ငါပိုင်တယ် မင်းကို"
ထို့နောက် ခုတင်ပေါ်တက်လာပြီး ရတု ဘေးနားသို့အတင်းတိုးလာချေသည်။
"ကိုယ်တိုင်ကြော်ထားတာ ပေါင်မုန့်ကြက်ဥကြော်လေး...မင်းစားနော်...မင်းမစားရင် ဘာဆက်လုပ်မလဲမပြောနိုင်ဘူး...."
ရတု ပြန်ပြောဖို့စကားများပင်ပျောက်ရှသွားချေပြီ။
မျက်ရည်စများကပိုပြီးအမြင်အာရုံကိုဝေဝါးစေလားတော့မသိ အခုဖြစ်နေတဲ့အနေအထားကို အာရုံပင်စိုက်လို့မရတော့။ ရတု သူ့အောက်နှုတ်ခမ်းသူ အကြမ်းရမ်းကိုက်ချထားပြီး ပါးစပ်ကိုပိတ်ထားလိုင်သည်။
"ကျစ်.. မောင်....မင်းကွာ....ဖယ်....တောက်စ်"
အတင်းဆွဲဖယ်မှသာ ရတု နှုတ်ခမ်းသားများဖယ်ကွာသွားတော့သည်။ သို့ပေမယ့် သွေးများကတော့ တတောက်တောက် ကျလာချေပြီ။ နီနီရဲရဲသွေးများကျနေသည်ကိုပင် ရတုသတိမမူမိ။ အပြင်ဘက်ကိုသာမျက်နှာမူထားမိသည်။
"မင်း အဲ့လို မိုက်ရူးရဲဆန်တာတွေ မလုပ်လို့မရဘူးလား...မင်းမို့လို့နော် တခြားသူသာဆို ငါတခုခုလုပ်ပြီးပြီ...တော်လိုက်တော့ ..."
စိုးရိမ်နေတာလား စိတ်ပူနေတာလား အပြစ်တင်နေတာလား ရတုမတွေးတတ်တော့။
တစ်ဖန် ပါးစပ်တွင်းသို့ထိုးပေးလာသောမုန့်များကိုတော့ ငြင်းဆန်ခြင်းမရှိပဲစားမိခဲ့ပါသည်။ အကြောင်းအရင်းကား သူပင်ပန်းနေတာကြောင့်ပင်ဖြစ်သည်။
######
"Daddy မတွေ့တာကြာပြီနော် "
"ဟုတ်ပါ့...မင်းက ငါ့ဆီတောင် မလာပါ့လား..."
"Daddyလဲ ကျွန့်တော့်ဆီမလားဘူးလေ..."
"ငါမှမအားတာ..."
"ကျွန်တော်လဲမအားဘူး..."
"ထားပါတော့ ဘာကိစ္စလဲ..."
မော်ကွန်း ရတုရဲ့ကျောင်းထွက်လက်မှတ်လာယူတာဖြစ်သည်။ သူ ရတုကို ကျောင်းဆက်မတက်စေချင်တော့။ သူရည်ရွယ်ထားတဲ့အတိုင်း နှစ်ယောက်လက်ထပ်ထိမ်းမြားပြီးသည်နှင့် Swiss ကိုအပြီးတိုင် သွားနေတော့မည်။
"ကျွန့်တော့် ကိစ္စလေးရှိလို့..."
"ဘာများလဲ မင်းကလဲ...."
"ကျွန်တော် ယောကျာ်းယူတော့မယ် "
"ဘာ..."
"ဟုတ်တယ် ...ရက်တိကျကို mailပို့လိုက်မယ်..."
"ဟေ့ရောင် မင်းငါ့ကို အဖေလို့ရော သတ်မှတ်ရဲ့လား မင်းအနေအထားနဲ့ မင်းအရည်ချင်းနဲ့ ယောက်ျားချင်းယူတာမရှက်ဖူးလား..."
"အဖေရှက်လို့လား..."
မော်ကွန်း ယတိပြတ်မေးလိုက်တော့ မေးခွန်းများဟာ တိကျတဲ့အဖြေတစ်ခုအတွက်သာဖြစ်သည်။ သူ့ဘဝကအစထဲက Daddyလောင်းရိပ်အောက်မှာ ရှိမနေခဲ့ခြင်းမလား။
"မင်း...ကွာ..."
"အဖေရှက်ရင် မလာလဲရပါတယ်....ကျွန်တော် သွားပြီ...."
"မင်း....တောက်စ်....ဒီကောင်..."
#######